HARTHANANTAW

Digital World

လင်ငယ်နဲ့အတူ လင်ယောက်ျားမောင်းတဲ့တက္ကဆီကိုစီးဖို့ ငှားမိတဲ့ အမျိုးသမီး

လင်ငယ်နဲ့အတူ လင်ယောက်ျားမောင်းတဲ့တက္ကဆီကိုစီးဖို့ ငှားမိတဲ့ အမျိုးသမီး









Writer : HULK (XYZ News)

Unicode

လင်ငယ်နဲ့အတူ လင်ယောကျ်ားမောင်းတဲ့တက္ကဆီကိုစီးဖို့ ငှားမိတဲ့ အမျိုးသမီး

ယီမိုင်အမည်ရ ကိုလံဘီယာနိုင်ငံသူ အမျိုးသမီးတစ်ယောက်ဟာ အိမ်ထောင်ရေးဖောက်ပြန်ပြီး လင်ငယ်နဲ့အတူချိန်းတွေ့စဉ် အတူစီးဖို့ငှားတဲ့တက်ဆီဟာ လင်ကြီးမောင်းတဲ့တက်ဆီ ဖြစ်နေတာကြောင့် အရှုပ်အထွေးတွေဖြစ်ခဲ့ကြောင်း ကိုလံဘီယာနိုင်ငံမှ နာမည်ကြီး သတင်းစာတစ်စောင်ဖြစ်တဲ့ El Espectador မှဖော်ပြတဲ့သတင်းတစ်ရပ်အရသိရပါတယ် … ။

လောကမှာ ထူးထူးဆန်းဆန်း တိုက်ဆိုင်မှုတွေဖြစ်လေ့ရှိတယ်ဆိုတာ ဒီဖြစ်ရပ်ကသက်သေပြနေပါတယ် … ။

အဆိုပါအမျိုးသမီးဟာလင်ငယ်ဖြစ်သူနဲ့ ဖာက်ပြန်နေတာ တစ်နှစ်ကျော်ပြီဖြစ်ကြောင်း သိရပါတယ်။ လင်ကြီးရဲ့နာမည်ကိုတော့သတင်းစာက မဖော်ပြခဲ့ပါဘူး … ။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့အင်္ဂါနေ့က Santa Marta မြို့မှာ ချိန်းတွေ့ကြပြီး ဟိုတယ်ကိုသွားဖို့ Uber တက်ဆီ ငှားရမ်းဘွတ်ကင်လုပ်ခဲ့ကြတာပါ …. ။

Uber အပလီကေးရှင်းကနေ ဘွတ်ကင်လုပ်စဉ် ကားမောင်းသူနေရာမှာ လီယိုနာဒိုလို့ ဖော်ပြထားတာကြောင့် ၂ယောက်စလုံးစိုးရိမ်စိတ် မရှိခဲ့ပါဘူး … ။

ဒါပေမယ့် Uber မှ ာစာရင်းသွင်းမှတ်ပုံတင်ထားတဲ့ ကားမောင်းသမားလီယိုနာဒိုဟာ လင်ကြီးရဲ့သူငယ်ချင်းတစ်ယောက်ဖြစ်ပြီး လင်ကြီးဟာ သူငယ်ချင်းကားကိုခဏငှားပြီးအချိန်ပိုင်းကားမောင်း အပိုဝင်ငွေရှာနေတာဖြစ်ပါတယ်။

ကားပေါ်စရောက်ရောက်ချင်း လင်ကြီးက အံအားသင့်သွားပြီး ဒေါသထွက်သွားခါ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြောင်းသိရပါတယ် … ။

ဒီဖြစ်ရပ်ကြောင့် Uber မှတာဝန်ရှိသူတွေဟာ လင်ကြီးကို ကားငှားပေးသူ သူငယ်ချင်းလီယိုနာဒိုကို စည်းကမ်းဖောက်ဖျက်မှုဖြင့် အရေးယူခဲ့ပြီး အိမ်ထောင်ရေးဖောက်ပြန်သူတွေအနေဖြင့် တက်ဆီဘွတ်ကင်လုပ်မည်ဆိုလျှင် Uber အပလီကေးရှင်းတွေဟာ သွားမည့်နေရာ အချိန်စတာတွေကို မှတ်သားထားတာကြောင့် အရင်ကလိုလိမ်ညာဖို့မလွယ်တော့ဘူးဆိုတာသိထားဖို့ သတိပေးပြောကြားခဲ့ပါတယ် …. ။

Writer : HULK (XYZ News)

Leave a Reply

Your email address will not be published. Required fields are marked *

shares