HARTHANANTAW

Digital World








Writer : HULK (XYZ News)

Ref : BBC

Unicode

စမောလေးနဲ့ မင်္ဂလာဆောင်နေတဲ့အချိန် မယားကြီးလိုက်လာလို့ ခွေးပြေးဝက်ပြေး ပြေးခဲ့ရတဲ့ သတို့သား

အသက် ၃၀ ဝန်းကျင်ရှိတဲ့ ပါကစ္စတန်နိုင်ငံသား ဆစ်ဒီ ဆိုတဲ့ သူဟာ နောက်ထပ် ကောင်မလေးတစ်ယောက်နဲ့ မင်္ဂလာဆောင်နေတုန်း မယားကြီးရောက်လာပြီး သူလူပျိုမဟုတ်ကြောင်း ပြောပြခဲ့ပြီးနောက်မှာ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ဝိုင်းလိုက်လို့ သတို့သားလောင်းတစ်ယောက် ထွက်ပြေးခဲ့ရပါတယ် … ။

ဆစ်ဒီ ဟာ မယားကြီးနဲ့ ကလေးတစ်ယောက်ရှိပေမဲ့ အခုမင်္ဂလာဆောင်မတိုင်ခင်လဲ နောက်မိန်းမတစ်ယောက် ထပ်ယူထားသူပါ … ။

ဆရာသမား အပြေးမမြန်တဲ့အတွက် လူအုပ်ကြီးရဲ့ တွန်းထိုးတိုက်ခိုက်မှုကြောင့် အင်္ကျီရော၊ ဘောင်းဘီပါ စုတ်ပြဲခဲ့ပြီး အညိုအမဲစွဲအောင် ထိုးကြိတ်ခံခဲ့ရတဲ့နောက်မှာတော့ ဘတ်စ်ကားအောက်မှာ ဝပ်တွားပြီး ပုန်းအောင်းခဲ့ပါတယ် …. ။

ပါကစ္စတန်နိုင်ငံမှာ မယားပြိုင်ယူတာ တရားဝင်ခွင်ပြုထားပြီး ယောကျာ်းတစ်ယောက်အနေနဲ့ ဇနီးမယား လေးယောက်အထိ ယူနိုင်ပါတယ်။ ဒါပေမဲ့ နောက်အိမ်ထောင်ပြုချင်ရင် မယားကြီးတွေရဲ့ သဘောတူညီမှု ရယူဖို့ လိုအပ်ပါတယ် …. ။

ထိုသူကတော့ မယားကြီးရဲ့ သဘောတူညီချက် မယူခဲ့ပါဘူး။ စမော်လေးနဲ့ မင်္ဂလာဆောင် အခမ်းအနားကို မယားကြီးရောက်လာပြီး ဖြစ်ကြောင်းအကုန် ပြောပြတော့မှ ဇနီးလောင်းနဲ့ သူ့မိသားစုတွေက အကြောင်းစုံ သိခဲ့ရတာပဲဖြစ်ပါတယ် …. ။

Writer : HULK (XYZ News)

Ref : BBC

Leave a Reply

Your email address will not be published. Required fields are marked *

shares