HARTHANANTAW

Digital World














Ref: Mirror

Writer – Min Thu (XYZ News )

Unicode

ထောင်ကျနေတဲ့ အမျိုးသမီးကို အဝတ်လျော်စက်ပေါ်တင်ပြီး ဇာတ်လမ်းခင်းခဲ့တဲ့ အရာရှိ

Cocks ဟာ ထောင်ထဲမှာရှိနေတဲ့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာကိစ္စကို လက်ခံခဲ့ရင် ထောင်ထဲမှာ ပိုပြီးတော့လွတ်လွတ်လပ်လပ်သွားလာခွင့်ပေးမယ်လို့ ကမ်းလှမ်းခဲ့ကြောင်း ပြည်သူ့ရှေ့နေအပြောအရသိရပါတယ်။

ပထမဆုံအကြိမ်ကျူးလွန်ခဲ့တော့ ၂၀၁၅ ခုနှစ်ကဖြစ်ပြီး အဝတ်လျော်စက်ပေါ်မှာ အမျိုးသမီးကို ကျူးလွန်ခဲ့တာပဲဖြစ်ပါတယ် …. ။

ထို့အပြင် ၂၀၁၆ ခုနှစ် နှစ်သစ်ကူးည ၆ နာရီမှာလည်း သူမအခန်းထဲသွားပြီး ကျူးလွန်ခဲ့သေးတယ်လို့ သိထားရပါတယ်။

ထောင်အာဏာပိုင်တွေ သံသယရှိလာလို့စုံစမ်းတဲ့အခါမှာတော့ Cocks ဟာ သူတို့ရဲ့ပတ်သတ်မှုအကြောင်းဘယ်သူ့မှမပြောဖို့ ခြိမ်းခြောက်ခဲ့ပါသေးတယ် … ။

Cocks ဟာ ပထမတစ်ယောက်နဲ့တင် မရပ်ခဲ့ပဲ ဒုတိယထောင်သားတစ်ယောက်ကိုပါ ကျူးလွန်ဖို့ စတင်ခဲ့ပါတယ် … ။

ဒီတစ်ခါမှာတော့ အမျိုးသမီးကို သိပ်မသဘောမကျတဲ့အတွက် မိတ်ကပ်တွေတောင်လိမ်းခြယ်ခိုင်းခဲ့တယ်လို့လည်းသိရပါတယ်။

အမှုကိုတိုင်တန်းခဲ့တာကတော့ တတိယမြောက်အမျိုးသမီးဖြစ်ပြီး ထောင်ကလွတ်တဲ့အချိန်မှာပဲ တရားရုံးကိုသွားရောက်တိုင်တန်းခဲ့တာပါ … ။

တရားသူကြီး Simon ကတော့ “မင်းဟာ ရာထူးကိုအလွဲသုံးစားလုပ်ပြီး အမျိုးသမီးတွေကို စော်ကားတယ်” လို့မှတ်ချက်ပေးပြီးတော့ ထောင်ဒဏ်လေးနှစ်ချမှတ်ခဲ့ပါတယ် … ။

Cocks ရဲ့ဇနီးသည်ကတော့ သူ့ခင်ပွန်းရဲ့အမှုဟာ သူတို့သား ရယ် ၊ မြေးနှစ်ယောက်ရယ်နဲ့ Cocks ရဲ့အမေအပေါ် အကြီးအကျယ်ရိုက်ခတ်သွားနိုင်တာကြောင့်လုပ်သက်ပေါ်ထောက်ထားပြီး ညှာတာစီရင်ပေးဖို့တောင်းဆိုထားပါတယ် …. ။

West က Wakefields က New ထာင်မှာ တာဝန်ထမ်းဆောင်နေတဲ့ အသက် ၅၁ နှစ်အရွယ်ထောင်အရာရှိ Lain ဟာ ကလေးတစ်ယောက်ကိုသတ်လို့ထောင်ကျနေသူတစ်ဦးနဲ့ တွဲခုတ်နေခဲ့တာ ၂ နှစ်နီးပါးရှိပါပြီ … ။

ဒီအရာရှိဟာ ထောင်မှာ တာဝန်ထမ်းဆောင်နေခဲ့တာ နှစ်ပေါင်း ၂၀ လောက်ကြာပြီဖြစ်ပြီး အိမ်ထောင်ရှိတဲ့သူတစ်ဦးလည်းဖြစ်ပါတယ် …. ။

ေ ထာင်သားတစ်ဦးနဲ့ မသင့်လျော်တဲ့ဆက်ဆံရေးရှိတာကြောင့် အခုဆိုရင်တော့ပြည်သူ့တရားရုံးမှ စွဲချက် ၂ ခုနဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှု စွဲချက် ၁ ခုကို ရင်ဆိုင်နေရပါပြီ …. ။

Ref: Mirror

Writer – Min Thu (XYZ News )

shares