HARTHANANTAW

Digital World

ေအာင္သူနဲ႔ ပိုးအိအိခန္႔တို႔ရဲ့ သားေလး ရက္(၁၀၀) ျပည့္ေမြးေန႔အလွဴ

ေအာင္သူနဲ႔ ပိုးအိအိခန္႔တို႔ရဲ့ သားေလး ရက္(၁၀၀) ျပည့္ေမြးေန႔အလွဴ

သ႐ုပ္ေဆာင္ ပိုးအိအိခန္႔နဲ႔ ျမန္မာ့လက္ေရြးစင္ေဘာလုံးသမား ေအာင္သူတို႔ရဲ့ သားဦးေလးရဲ့ ရက္(၁၀၀) ျပည့္ ေမြးေန႔အလႉကို ဒီေန႔(ေအာက္တိုဘာ၃၀ရက္)နံနက္ပိုင္းက (၈)မိုင္မွာရွိတဲ့ ေပါက္ေစတီေက်ာင္းတိုက္မွာ ျပဳလုပ္ခဲ့ပါတယ္။ သားေလးရဲ့ ေမြးေန႔အလွဴကို အႏုပညာအသိုင္းအဝိုင္းက သူေတြမ်ားစြာ တက္ေရာက္ဂုဏ္ျပဳေပးခဲ့ၾကပါတယ္။ သားေလးရဲ့ နာမည္ကိုလည္း ေမာင္သြင္ဦးဟန္ဆိုၿပီး နာမည္ေပးထားတာကိုလည္း ေတြ႕ရပါတယ္ …။

ပိုးအိအိခန္႔ကေတာ့ ပထမဆုံးရင္ေသြးေလးျဖစ္တဲ့ သားေလးကို ဇူလိုင္လ ၁၉ ရက္ေန႔က ထိုင္းနိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ ေမြးဖြားခဲ့တာျဖစ္ပါတယ္။ ပိုးအိအိခန္႔ရဲ့ခင္ပြန္းျဖစ္သူ ေအာင္သူကေတာ့ ထိုင္းနိုင္ငံမွာရွိတဲ့ ေျမာင္ေတာင္ ယူႏိုက္တက္ ေဘာလုံးအသင္းမွာ ပါဝင္ကစားေနရတာျဖစ္ပါတယ္ …။

ေအာင္သူနဲ႔ ပိုးအိအိခန္႔တို႔ဟာ လက္ထပ္ထားတာ (၉)လၾကာၿပီးမွာ မဂၤလာပြဲကို ျပဳလုပ္က်င္းပခဲ့တာ ျဖစ္ပါတယ္။ဒီမဂၤလာပြဲကိုေတာ့ ၂၀၁၉ခုႏွစ္၊ မတ္လ ၂၆ ရက္ေန႔ ညေနပိုင္းက ရန္ကုန္ျပည္သူ႔ရင္ျပင္အတြင္းက Western Park မွာ ျပဳလုပ္ခဲ့တာပါ …။

တစ္ေယာက္နဲ႔ တစ္ေယာက္ မခြဲနိုင္တာ သိလို႔ ႏွစ္ဦးသေဘာတူ လက္ထပ္ထားခဲ့ၾကတာ ျဖစ္ၿပီး ႏွစ္ေယာက္စလုံး အလုပ္ေတြ အားတဲ့အခ်ိန္မွ ယခုလို မဂၤလာပြဲ ျပဳလုပ္ခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ အရမ္းခ်စ္လို႔ လက္ထပ္ခဲ့ၾကတဲ့ ခ်စ္သူ ႏွစ္ဦးျဖစ္ပါတယ္ ။Game ကစားရင္းနဲ႔ ခ်စ္သူေတြ ျဖစ္သြားၾကတဲ့ သူတို႔ႏွစ္ေယာက္ရဲ့ ဖူးစာကလည္း ဆန္းၾကယ္လြန္းပါတယ္ …။

ေအာင္သူဟာ ျမန္မာ့ဂုဏ္ေဆာင္ ေဘာလုံးသမားတစ္ေယာက္ျဖစ္ၿပီး မိန္းကေလး ပရိသတ္မ်ားရဲ့ အားေပးမႈ ရရွိထားသူ ျဖစ္သလို ပိုးအိအိခန္႔ဟာလည္း ေယာက်္ားေလးပရိသတ္မ်ားရဲ့ အားေပးမႈ အခိုင္အမာရရွိထားတဲ့ သ႐ုပ္ေဆာင္ တစ္ေယာက္ပါ။ ၂၀၁၉ ခုႏွစ္ ေမလ ၃၁ ရက္ေန႔ဟာ သူတို႔ ႏွစ္ဦး အတြက္ အိမ္ေထာင္သက္တမ္း ၁ ႏွစ္ျပည့္ၿပီးခဲ့တာျဖစ္ပါတယ္ေနာ္ …။ ။

Source : Cele Yatkwat

Unicode

အောင်သူနဲ့ ပိုးအိအိခန့်တို့ရဲ့ သားလေး ရက်(၁၀၀) ပြည့်မွေးနေ့အလှူ

သရုပ်ဆောင် ပိုးအိအိခန့်နဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးသမား အောင်သူတို့ရဲ့ သားဦးလေးရဲ့ ရက်(၁၀၀) ပြည့် မွေးနေ့အလှူကို ဒီနေ့(အောက်တိုဘာ၃ဝရက်)နံနက်ပိုင်းက (၈)မိုင်မှာရှိတဲ့ ပေါက်စေတီကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။ သားလေးရဲ့ မွေးနေ့အလှူကို အနုပညာအသိုင်းအဝိုင်းက သူတွေများစွာ တက်ရောက်ဂုဏ်ပြုပေးခဲ့ကြပါတယ်။ သားလေးရဲ့ နာမည်ကိုလည်း မောင်သွင်ဦးဟန်ဆိုပြီး နာမည်ပေးထားတာကိုလည်း တွေ့ရပါတယ် …။

ပိုးအိအိခန့်ကတော့ ပထမဆုံးရင်သွေးလေးဖြစ်တဲ့ သားလေးကို ဇူလိုင်လ ၁၉ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ပိုးအိအိခန့်ရဲ့ခင်ပွန်းဖြစ်သူ အောင်သူကတော့ ထိုင်းနိုင်ငံမှာရှိတဲ့ မြောင်တောင် ယူနိုက်တက် ဘောလုံးအသင်းမှာ ပါဝင်ကစားနေရတာဖြစ်ပါတယ် …။

အောင်သူနဲ့ ပိုးအိအိခန့်တို့ဟာ လက်ထပ်ထားတာ (၉)လကြာပြီးမှာ မင်္ဂလာပွဲကို ပြုလုပ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ဒီမင်္ဂလာပွဲကိုတော့ ၂၀၁၉ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်ပြည်သူ့ရင်ပြင်အတွင်းက Western Park မှာ ပြုလုပ်ခဲ့တာပါ …။

တစ်ယောက်နဲ့ တစ်ယောက် မခွဲနိုင်တာ သိလို့ နှစ်ဦးသဘောတူ လက်ထပ်ထားခဲ့ကြတာ ဖြစ်ပြီး နှစ်ယောက်စလုံး အလုပ်တွေ အားတဲ့အချိန်မှ ယခုလို မင်္ဂလာပွဲ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်လို့ လက်ထပ်ခဲ့ကြတဲ့ ချစ်သူ နှစ်ဦးဖြစ်ပါတယ် ။Game ကစားရင်းနဲ့ ချစ်သူတွေ ဖြစ်သွားကြတဲ့ သူတို့နှစ်ယောက်ရဲ့ ဖူးစာကလည်း ဆန်းကြယ်လွန်းပါတယ် …။

အောင်သူဟာ မြန်မာ့ဂုဏ်ဆောင် ဘောလုံးသမားတစ်ယောက်ဖြစ်ပြီး မိန်းကလေး ပရိသတ်များရဲ့ အားပေးမှု ရရှိထားသူ ဖြစ်သလို ပိုးအိအိခန့်ဟာလည်း ယောကျ်ားလေးပရိသတ်များရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် တစ်ယောက်ပါ။ ၂၀၁၉ ခုနှစ် မေလ ၃၁ ရက်နေ့ဟာ သူတို့ နှစ်ဦး အတွက် အိမ်ထောင်သက်တမ်း ၁ နှစ်ပြည့်ပြီးခဲ့တာဖြစ်ပါတယ်နော် …။ ။

Source : Cele Yatkwat

shares