HARTHANANTAW

Digital World

Winner ျဖစ္လာဖို႔ မမွန္းရဲပါဘူးဆိုတဲ့ ေအးျမျဖဴ

Winner ျဖစ္လာဖို႔ မမွန္းရဲပါဘူးဆိုတဲ့ ေအးျမျဖဴ

Myanmar idol(Season-4) ရဲ့ ၿပိဳင္ပြဲဝင္တစ္ေယာက္ျဖစ္လာတဲ့ ေအးျမျဖဴကေတာ့ Winner တစ္ေယာက္ျဖစ္ဖို႔အထိ မေမၽွာ္လင့္ရဲပါဘူးလို႔ဆိုပါတယ္။ သူမကို အားေပးတဲ့ ပရိသတ္ေတြေၾကာင့္ ပိုႀကိဳးစားခ်င္စိတ္ေတြ ျဖစ္လာပါၿပီတဲ့။ကေလးဘဝကတည္းက သီခ်င္းေတြဆိုၿပီး ပရိသတ္အားေပးမႈ ရရွိထားတဲ့ ေအးျမျဖဴကေတာ့ Myanmar idol(Season-4) မွာ ၿပိဳင္ပြဲဝင္တစ္ေယာက္အျဖစ္ ပါဝင္ယွဥ္ၿပိဳင္သြားမယ္လို႔ သိရပါတယ္။ ဝါသနာပါတဲ့ ဂီတအလုပ္ေတြကို ဒီၿပိဳင္ပြဲကေနတဆင့္ ႀကိဳးစားသြားမယ္လို႔လည္း မီဒီယာ အင္တာဗ်ဴးေတြကေန ေျဖဆိုခဲ့ပါတယ္ …။

‘’ Myanmar idol (Season 3) ကတည္းက မမ ခ်မ္းေျမ့ေမာင္ခ်ိဳတို႔ကိုဆိုရင္ အရမ္းအားက်တယ္။ ဒီအစီအစဥ္ရဲ့ ၿပိဳင္ပြဲဝင္လည္းျဖစ္ခ်င္တယ္။ ၿပိဳင္ရတာကိုလည္း သမီးကိုယ္တိုင္က ဝါသနာပါတယ္။ အဲဒီအတြက္ ဒီၿပိဳင္ပြဲကေနပဲ ဆက္ႀကိဳးစားသြားမယ္ဆိုတဲ့ ယုံၾကည္ခ်က္နဲ႔ Myanmar idon (season 4) ကို ဝင္ၿပိဳင္ျဖစ္ခဲ့တာပါ’’ ဆိုၿပီးေတာ့ ေအာက္တိုဘာလ ၂၆ ရက္ေန႔က Myanmar idol (Season-4) မိတ္ဆက္ပြဲမွာ ေျဖဆိုခဲ့တာ ျဖစ္ပါတယ္ …။

ေအးျမျဖဴကို ခ်စ္ၾကတဲ့ ပရိသတ္ေတြကေတာ့ Winner ဆု ရတဲ့အထိ ေမၽွာ္လင့္ေနၾကတာကို ေတြ႕ရပါတယ္။ သူမကိုယ္တိုင္ကလည္း အေကာင္းဆုံး ႀကိဳးစားသြားမယ္လို႔ ဆိုပါတယ္။ ‘’Winner ဆုကေတာ့ အရမ္းႀကီး မမွန္းပါဘူး။ ဒါေပမယ့္ အကုန္လုံးကလည္း အားေပးတယ္။ ပရိသတ္ေတြကလည္း ခ်စ္ၾကတယ္ ဆိုကတည္းက သမီး ေတာ္ေတာ္ေလး ေက်နပ္ပါၿပီ။ winner ျဖစ္တဲ့ အထိလည္း သမီး ႀကိဳးစားသြားပါမယ္။ ပရိသတ္အားေပးမႈေတြေၾကာင့္လည္း စိတ္က အရမ္းႀကိဳးစားခ်င္စိတ္ျဖစ္လာတယ္’’ လို႔ ဆက္လက္ေျပာျပခဲ့ျပန္ပါေသးတယ္ …။

ေအးျမျဖဴ ကေတာ့ ငယ္ငယ္ကတည္းက သီခ်င္းေတြ ဆိုခဲ့ရတဲ့ အမွတ္တရေတြကို ေျပာျပလာပါတယ္။ သူမ အေနနဲ႔ ပညာေရးကို ပိုၿပီး ဦးစားေပးခဲ့တာေၾကာင့္ ဂီတအလုပ္ေတြနဲ႔ အနည္းငယ္ အဆက္ျပတ္ခဲ့တယ္လို႔ ေျပာပါတယ္ ..။

‘’ ငယ္ငယ္တုန္းကဆိုရင္ ၂ တန္းအရြယ္ေလာက္က ‘တိုင္ေျပာမယ္’ သၾကၤန္ သီခ်င္းေလး ဆိုခဲ့ဖူးတယ္။ ဂီတ တံခါးေလး ဖြင့္ပါဦး အစီအစဥ္မွာ ပရိသတ္ေတြက စသိခဲ့တာပါ။ အဲဒီတုန္းကတည္းက အားေပးလာတဲ့သူေတြက အခုခ်ိန္ထိလည္း အားေပးၾကေတာ့ အရမ္းဝမ္းသာပါတယ္။ သမီးက အခုဆို အသက္ ၁၆ ႏွစ္ရွိပါၿပီ။ ၅ တန္းေလာက္အထိပဲ ဒီအႏုပညာအလုပ္ကို လုပ္ခဲ့တာပါ။ ၈ တန္းေလာက္က စၿပီး အႏုပညာအလုပ္ေတြနဲ႔ နည္းနည္း ျပတ္သြားတယ္။ စာဘက္ကိုပဲ ဦးစားေပးခဲ့တာပါ။ အခု ၁၀ တန္း ေျဖၿပီးတဲ့ အထိေပါ့’’ လို႔ သူက ဆိုပါတယ္ …။

ေအးျမျဖဴကေတာ့ Myanmar idol (Season-4) မွာ Top-11 ေနရာမွာ ပါဝင္ေနတာျဖစ္ပါတယ္။ သူ႔ကို Vote ေပးနိုင္မယ့္ နံပတ္ကေတာ့ No.77711 ျဖစ္ပါတယ္။ သူမဟာ ငယ္စဥ္ကတည္းက သီခ်င္းေတြလည္း ဆိုခဲ့တဲ့သူျဖစ္သလို သ႐ုပ္ေဆာင္ဘက္မွာလည္း ဇာတ္ကားေတာ္ေတာ္မ်ားမ်ားမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ဖူးသူ ျဖစ္ပါတယ္။ သူမကို အခုခ်ိန္ထိ အားေပးေနတဲ့ ပရိသတ္ေတြကလည္း အမ်ားႀကီးပါပဲေနာ္ …။ ။

Categories:အႏုပညာ

Unicode

Winner ဖြစ်လာဖို့ မမှန်းရဲပါဘူးဆိုတဲ့ အေးမြဖြူ

Myanmar idol(Season-4) ရဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်လာတဲ့ အေးမြဖြူကတော့ Winner တစ်ယောက်ဖြစ်ဖို့အထိ မမျှော်လင့်ရဲပါဘူးလို့ဆိုပါတယ်။ သူမကို အားပေးတဲ့ ပရိသတ်တွေကြောင့် ပိုကြိုးစားချင်စိတ်တွေ ဖြစ်လာပါပြီတဲ့။ကလေးဘဝကတည်းက သီချင်းတွေဆိုပြီး ပရိသတ်အားပေးမှု ရရှိထားတဲ့ အေးမြဖြူကတော့ Myanmar idol(Season-4) မှာ ပြိုင်ပွဲဝင်တစ်ယောက်အဖြစ် ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။ ဝါသနာပါတဲ့ ဂီတအလုပ်တွေကို ဒီပြိုင်ပွဲကနေတဆင့် ကြိုးစားသွားမယ်လို့လည်း မီဒီယာ အင်တာဗျူးတွေကနေ ဖြေဆိုခဲ့ပါတယ် …။

‘’ Myanmar idol (Season 3) ကတည်းက မမ ချမ်းမြေ့မောင်ချိုတို့ကိုဆိုရင် အရမ်းအားကျတယ်။ ဒီအစီအစဉ်ရဲ့ ပြိုင်ပွဲဝင်လည်းဖြစ်ချင်တယ်။ ပြိုင်ရတာကိုလည်း သမီးကိုယ်တိုင်က ဝါသနာပါတယ်။ အဲဒီအတွက် ဒီပြိုင်ပွဲကနေပဲ ဆက်ကြိုးစားသွားမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ Myanmar idon (season 4) ကို ဝင်ပြိုင်ဖြစ်ခဲ့တာပါ’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၆ ရက်နေ့က Myanmar idol (Season-4) မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာ ဖြစ်ပါတယ် …။

အေးမြဖြူကို ချစ်ကြတဲ့ ပရိသတ်တွေကတော့ Winner ဆု ရတဲ့အထိ မျှော်လင့်နေကြတာကို တွေ့ရပါတယ်။ သူမကိုယ်တိုင်ကလည်း အကောင်းဆုံး ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ ‘’Winner ဆုကတော့ အရမ်းကြီး မမှန်းပါဘူး။ ဒါပေမယ့် အကုန်လုံးကလည်း အားပေးတယ်။ ပရိသတ်တွေကလည်း ချစ်ကြတယ် ဆိုကတည်းက သမီး တော်တော်လေး ကျေနပ်ပါပြီ။ winner ဖြစ်တဲ့ အထိလည်း သမီး ကြိုးစားသွားပါမယ်။ ပရိသတ်အားပေးမှုတွေကြောင့်လည်း စိတ်က အရမ်းကြိုးစားချင်စိတ်ဖြစ်လာတယ်’’ လို့ ဆက်လက်ပြောပြခဲ့ပြန်ပါသေးတယ် …။

အေးမြဖြူ ကတော့ ငယ်ငယ်ကတည်းက သီချင်းတွေ ဆိုခဲ့ရတဲ့ အမှတ်တရတွေကို ပြောပြလာပါတယ်။ သူမ အနေနဲ့ ပညာရေးကို ပိုပြီး ဦးစားပေးခဲ့တာကြောင့် ဂီတအလုပ်တွေနဲ့ အနည်းငယ် အဆက်ပြတ်ခဲ့တယ်လို့ ပြောပါတယ် ..။

‘’ ငယ်ငယ်တုန်းကဆိုရင် ၂ တန်းအရွယ်လောက်က ‘တိုင်ပြောမယ်’ သင်္ကြန် သီချင်းလေး ဆိုခဲ့ဖူးတယ်။ ဂီတ တံခါးလေး ဖွင့်ပါဦး အစီအစဉ်မှာ ပရိသတ်တွေက စသိခဲ့တာပါ။ အဲဒီတုန်းကတည်းက အားပေးလာတဲ့သူတွေက အခုချိန်ထိလည်း အားပေးကြတော့ အရမ်းဝမ်းသာပါတယ်။ သမီးက အခုဆို အသက် ၁၆ နှစ်ရှိပါပြီ။ ၅ တန်းလောက်အထိပဲ ဒီအနုပညာအလုပ်ကို လုပ်ခဲ့တာပါ။ ၈ တန်းလောက်က စပြီး အနုပညာအလုပ်တွေနဲ့ နည်းနည်း ပြတ်သွားတယ်။ စာဘက်ကိုပဲ ဦးစားပေးခဲ့တာပါ။ အခု ၁၀ တန်း ဖြေပြီးတဲ့ အထိပေါ့’’ လို့ သူက ဆိုပါတယ် …။

အေးမြဖြူကတော့ Myanmar idol (Season-4) မှာ Top-11 နေရာမှာ ပါဝင်နေတာဖြစ်ပါတယ်။ သူ့ကို Vote ပေးနိုင်မယ့် နံပတ်ကတော့ No.77711 ဖြစ်ပါတယ်။ သူမဟာ ငယ်စဉ်ကတည်းက သီချင်းတွေလည်း ဆိုခဲ့တဲ့သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သူမကို အခုချိန်ထိ အားပေးနေတဲ့ ပရိသတ်တွေကလည်း အများကြီးပါပဲနော် …။ ။

Categories:အနုပညာ

shares