HARTHANANTAW
Digital World
Rowena
Unicode
အဝတ်မပါပဲ ချစ်သူနဲ့အတူတူအိပ်ရတာ အများကြီးပိုကောင်းတယ်လို့ ပြောလာတဲ့ သင်ဇာဝင့်ကျော်
အနုပညာလောကမှာ နှစ်ပေါင်းအတော်ကြာ အောင်မြင်စွာနဲ့ ရပ်တည်နေနိုင်တဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်က တစ်နေ့တစ်ခြား အောင်မြင်မှုတွေ များစွာ ရရှိပိုင်ဆိုင်ထားသူလေး တစ်ဦးပါ။ သင်ဇာဝင့်ကျော်ရဲ့ အလန်းစားဖက်ရှင်တွေကလည်း ပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်ကြတဲ့ အရာတစ်ခုဖြစ်ပြီး အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း သင်ဇာဝင့်ကျော်က အားပေးသူ ပရိသတ်အများအပြားနဲ့ အနုပညာလောကမှာ ထိပ်ဆုံးက ရပ်တည်နေတာ ဖြစ်ပါတယ် …။
သင်ဇာဝင့်ကျော်ရဲ့ အလန်းစားဖက်ရှင်တွေကို စိတ်ဝင်စားကြတဲ့ ပရိသတ်တွေအတွက် သင်ဇာက ဒီနေ့မှာတော့ သူမရဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ပုံလေးတွေကို သူမရဲ့ Instagram မှာ မျှဝေထားတာကို တွေ့ရပါတယ်။သင်ဇာဝင့်ကျော်က “အဝတ်မပါပဲ အိပ်ရတာ ကောင်းပါတယ်။ ဒါပေမယ့် အဝတ်မပါပဲ ချစ်သူနဲ့ အတူတူ အိပ်ရတာက ပိုကောင်းတာပေါ့” လို့ ပွင့်ပွင့်လင်းလင်း ပြောထားတာပဲ ဖြစ်ပါတယ် …။
သင်ဇာဝင့်ကျော်ကတော့ ပရိသတ်တွေကို အံ့သြမင်သက်သွားစေတဲ့ ဓာတ်ပုံတွေကို ချပြလေ့ရှိသူဖြစ်ပြီး ပရိသတ်တွေကလည်း သင်ဇာဝင့်ကျော်ရဲ့ လှုပ်ရှားမှုတိုင်းကို စိတ်ဝင်တစား စောင့်ကြည့်ကြတာ တွေ့ရပါတယ်။သင်ဇာဝင့်ကျော်ကတော့ အဝတ်ကင်းမဲ့နေတဲ့ ပုံရိပ်တွေနဲ့ ပရိသတ်တွေရဲ့ စိတ်အာရုံကို ဖမ်းစားလိုက်တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သင်ဇာ့ရဲ့ ပုံလေးတွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော် …။ ။
Rowena
Source: Thinzar Wint Kyaw’s ig
shares