HARTHANANTAW

Digital World

အမ်ိဳးသမီးတခ်ိဳ႕လိင္ဆက္ဆံတဲ့အခါ သက္ေတာင့္သက္သာမရွိပဲနာက်င္ေနရတဲ့အေျကာင္းအရင္းမ်ား ( ဗီဒီယုိဖုိင္ )

အမ်ိဳးသမီးတခ်ိဳ႕လိင္ဆက္ဆံတဲ့အခါ သက္ေတာင့္သက္သာမရွိပဲနာက်င္ေနရတဲ့အေျကာင္းအရင္းမ်ား ( ဗီဒီယုိဖုိင္ )

အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ား ႀကဳံေတြ႕ရတဲ့ ကိစၥရပ္ထဲမွာ အမ်ိဳးသားနဲ႔ လိင္ဆက္ဆံေနစဥ္ နာက်င္ျခင္း
ျဖစ္ပါတယ္။ အမ်ိဳးသမီးေတြအတြက္ ဗဟုသုတရေစဖုိ႔ တင္ဆက္ေပးလိုက္ပါတယ္ …..

(1) ေၾကာက္စိတ္/စုိးရိမ္စိတ္/လိင္စိတ္ကင္းမဲ့ျခင္း ”

လိင္ဆက္ဆံစဥ္ နာက်င္သည့္အေၾကာင္းအရင္းထဲမွာ စိတ္ေနစိတ္ထားက အဓိကပါ၀င္ပါတယ္။ အခ်ိဳ႕ဆုိရင္ မိမိမႏွစ္သက္ဘဲ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ လက္ခံလုိက္ရတဲ့ အမ်ိဳးသားျဖစ္ေနရင္ ဆက္ဆံလုိစိတ္မရွိဘဲ ဆက္ဆံလုိက္ရတတ္ပါတယ္။ ဒီအေျခအေနမွာ ခႏၶာကိုယ္ဟုိမုန္းေတြကေန ဓာတ္ျပဳတုန္႔ျပန္မႈအရ သာယာစိတ္မျဖစ္ဘဲ ေယာနိလမ္းေၾကာင္းသည္လည္း အဆင္သင့္အေနအထားကုိေရာက္ဖုိ႔ အခ်ိန္ေတာ္ေတာ္ၾကာတတ္ပါတယ္။ တစ္ခါတေလ အဲဒီအေနအထားကို ေတာင္ မေရာက္ပါဘူး။ အဲဒီအခါမွာ နာက်င္မႈ ျဖစ္ရေတာ့ တာပါဘဲ …။

(2) ေယာနိေယာင္ရမ္းေနျခင္း ”

 

လိင္ပုိင္းဆုိင္ရာ ေရာဂါေၾကာင့္ ျဖစ္ဖုိ႔မ်ားပါတယ္။ ေယာနိလမ္းေၾကာင္း ေယာင္ရမ္းေနၿပီဆုိရင္ အမ်ိဳးသမီးေတြ သတိထားဖုိ႔ လုိပါတယ္။ ေရယုန္ေပါက္ေနလုိ႔လား၊ အနာျဖစ္ၿပီး ျပည္တည္ေနလုိ႔လား ဆရာ၀န္နဲ႔ ျပသင့္တဲ့ အေျခအေနပါပဲ …။

(3) သားအိမ္လမ္းေၾကာင္းဆုိင္ရာ ျပႆနာ ”

အမ်ိဳးသမီးေတြထဲမွာ တစ္ေယာက္နဲ႔တစ္ေယာက္ သားအိမ္ဖြဲစည္းပုံ မတူတတ္ပါဘူး။ အခ်ိဳ႕က ပုံမွန္ထက္ တုိၿပီး အခ်ိဳ႕က ပုံမွန္ထက္ ရွည္တတ္ပါတယ္။ ဒါ့အျပင္ ေယာနိၾကြက္သားဖြဲ႕စည္းမႈလည္း ကြဲျပားႏုိင္လုိ႔ အခ်ိဳ႕ေသာ အမ်ိဳးသမီးေတြဟာ အိမ္ေထာင္သက္ ၾကာေပမယ့္လည္း အပ်ိဳတစ္ေယာက္လုိ ျဖစ္ေနတတ္ပါတယ္။ ဒီအေျခအေနဟာ က်န္းမာေရး႐ႈ႕ေထာင့္အရ မေကာင္းပါဘူး။ အေၾကာင္းကေတာ့ အမ်ိဳးသားနဲ႔ ဆက္ဆံတုိင္း နာက်င္ခံရခက္မႈ ျဖစ္ၿပီး ၾကာလာတဲ့အခါ စိတ္ပုိင္းဆုိင္ရာ ေၾကာက္ရြံ႕မႈေတြ တုိးပြားက လိင္စိတ္ကုိ ေပ်ာက္ကြယ္ ေစႏုိင္ပါတယ္ …။

(4) Sex Lubricant နည္းပါးျခင္း ”

ေနာက္ဆုံးအခ်က္ကေတာ့ ဆက္ဆံေနစဥ္မွာ အလုိအေလွ်ာက္ထြက္တဲ့ ေခ်ာဆီ (Sex Lubricant) ထုတ္ေပးတဲ့ ဂလင္းေတြ ပ်က္ဆီးမႈျဖစ္ရင္လည္း လိင္ဆက္ဆံတဲ့အခါ နာက်င္ရတတ္ပါတယ္။ အခ်ိဳ႕က ျပင္ပေခ်ာဆီကုိ သုံးၿပီး ဆက္ဆံေလ့ရွိျခင္းဟာလည္း ေရွရည္ သားအိမ္နဲ႔ လိင္အဂၤါက်န္းမာေရးအတြက္ မေကာင္းႏုိင္ပါဘူး။ ဘာပဲျဖစ္ျဖစ္ ပထမဦးအႀကိမ္ဆုံးမဟုတ္ပဲ လိင္ဆက္ဆံတုိင္း နာက်င္ေနတယ္ဆုိရင္ေတာ့ ကုသသင့္ပါတယ္ …။

(၁) Pelvic floor exercises

(၂) အကယ္၍ စုိးရိမ္စရာအေျခအေန ဆက္လက္ျဖစ္ေပၚေနပါက ဆရာ၀န္နဲ႔ ျပသသင့္ပါတယ္ …။

(၃) ဒါ့အျပင္ လိင္အေပၚမွာခံစားတဲ့ ေၾကာက္စိတ္ကုိ ဖယ္ရွားဖု႔ိလုိၿပီး သက္ေတာင့္သက္သာျဖစ္ေနဖုိ႔နဲ႔ မစုိးရိမ္ဖုိ႔လုိပါတယ္ …။

(၄) လုိအပ္ပါက ခြဲစိပ္မႈခံယူဖုိ႔ လိုပါတယ္ …။

ေလးစားစြာျဖင့္ ခရစ္ဒက္ — (Shwemom)

Unicode

အမျိုးသမီးတချို့လိင်ဆက်ဆံတဲ့အခါ သက်တောင့်သက်သာမရှိပဲနာကျင်နေရတဲ့အကြောင်းအရင်းများ ( ဗီဒီယိုဖိုင် )

အမျိုးသမီးတော်တော်များများ ကြုံတွေ့ရတဲ့ ကိစ္စရပ်ထဲမှာ အမျိုးသားနဲ့ လိင်ဆက်ဆံနေစဉ် နာကျင်ခြင်း
ဖြစ်ပါတယ်။ အမျိုးသမီးတွေအတွက် ဗဟုသုတရစေဖို့ တင်ဆက်ပေးလိုက်ပါတယ် …..

(1) ကြောက်စိတ်/စိုးရိမ်စိတ်/လိင်စိတ်ကင်းမဲ့ခြင်း ”

လိင်ဆက်ဆံစဉ် နာကျင်သည့်အကြောင်းအရင်းထဲမှာ စိတ်နေစိတ်ထားက အဓိကပါဝင်ပါတယ်။ အချို့ဆိုရင် မိမိမနှစ်သက်ဘဲ အကြောင်းအမျိုးမျိုးကြောင့် လက်ခံလိုက်ရတဲ့ အမျိုးသားဖြစ်နေရင် ဆက်ဆံလိုစိတ်မရှိဘဲ ဆက်ဆံလိုက်ရတတ်ပါတယ်။ ဒီအခြေအနေမှာ ခန္ဓာကိုယ်ဟိုမုန်းတွေကနေ ဓာတ်ပြုတုန့်ပြန်မှုအရ သာယာစိတ်မဖြစ်ဘဲ ယောနိလမ်းကြောင်းသည်လည်း အဆင်သင့်အနေအထားကိုရောက်ဖို့ အချိန်တော်တော်ကြာတတ်ပါတယ်။ တစ်ခါတလေ အဲဒီအနေအထားကို တောင် မရောက်ပါဘူး။ အဲဒီအခါမှာ နာကျင်မှု ဖြစ်ရတော့ တာပါဘဲ …။

(2) ယောနိယောင်ရမ်းနေခြင်း ”

လိင်ပိုင်းဆိုင်ရာ ရောဂါကြောင့် ဖြစ်ဖို့များပါတယ်။ ယောနိလမ်းကြောင်း ယောင်ရမ်းနေပြီဆိုရင် အမျိုးသမီးတွေ သတိထားဖို့ လိုပါတယ်။ ရေယုန်ပေါက်နေလို့လား၊ အနာဖြစ်ပြီး ပြည်တည်နေလို့လား ဆရာဝန်နဲ့ ပြသင့်တဲ့ အခြေအနေပါပဲ …။

(3) သားအိမ်လမ်းကြောင်းဆိုင်ရာ ပြဿနာ ”

အမျိုးသမီးတွေထဲမှာ တစ်ယောက်နဲ့တစ်ယောက် သားအိမ်ဖွဲစည်းပုံ မတူတတ်ပါဘူး။ အချို့က ပုံမှန်ထက် တိုပြီး အချို့က ပုံမှန်ထက် ရှည်တတ်ပါတယ်။ ဒါ့အပြင် ယောနိကြွက်သားဖွဲ့စည်းမှုလည်း ကွဲပြားနိုင်လို့ အချို့သော အမျိုးသမီးတွေဟာ အိမ်ထောင်သက် ကြာပေမယ့်လည်း အပျိုတစ်ယောက်လို ဖြစ်နေတတ်ပါတယ်။ ဒီအခြေအနေဟာ ကျန်းမာရေးရှု့ထောင့်အရ မကောင်းပါဘူး။ အကြောင်းကတော့ အမျိုးသားနဲ့ ဆက်ဆံတိုင်း နာကျင်ခံရခက်မှု ဖြစ်ပြီး ကြာလာတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ကြောက်ရွံ့မှုတွေ တိုးပွားက လိင်စိတ်ကို ပျောက်ကွယ် စေနိုင်ပါတယ် …။

(4) Sex Lubricant နည်းပါးခြင်း ”

နောက်ဆုံးအချက်ကတော့ ဆက်ဆံနေစဉ်မှာ အလိုအလျှောက်ထွက်တဲ့ ချောဆီ (Sex Lubricant) ထုတ်ပေးတဲ့ ဂလင်းတွေ ပျက်ဆီးမှုဖြစ်ရင်လည်း လိင်ဆက်ဆံတဲ့အခါ နာကျင်ရတတ်ပါတယ်။ အချို့က ပြင်ပချောဆီကို သုံးပြီး ဆက်ဆံလေ့ရှိခြင်းဟာလည်း ရှေရည် သားအိမ်နဲ့ လိင်အင်္ဂါကျန်းမာရေးအတွက် မကောင်းနိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ပထမဦးအကြိမ်ဆုံးမဟုတ်ပဲ လိင်ဆက်ဆံတိုင်း နာကျင်နေတယ်ဆိုရင်တော့ ကုသသင့်ပါတယ် …။

(၁) Pelvic floor exercises

(၂) အကယ်၍ စိုးရိမ်စရာအခြေအနေ ဆက်လက်ဖြစ်ပေါ်နေပါက ဆရာဝန်နဲ့ ပြသသင့်ပါတယ် …။

(၃) ဒါ့အပြင် လိင်အပေါ်မှာခံစားတဲ့ ကြောက်စိတ်ကို ဖယ်ရှားဖို့လိုပြီး သက်တောင့်သက်သာဖြစ်နေဖို့နဲ့ မစိုးရိမ်ဖို့လိုပါတယ် …။

(၄) လိုအပ်ပါက ခွဲစိပ်မှုခံယူဖို့ လိုပါတယ် …။

လေးစားစွာဖြင့် ခရစ်ဒက် — (Shwemom)

shares