HARTHANANTAW

Digital World

ဂ႐ုမစိုက္ပဲ မေနသင့္တဲ့ အိမ္မက္(၅)မ်ိဳး

ဂ႐ုမစိုက္ပဲ မေနသင့္တဲ့ အိမ္မက္(၅)မ်ိဳး

လူေတြဟာ လူဆိုၿပီး ျဖစ္တည္လာၾကကတည္းက အိပ္မက္ေတြရဲ့ဆန္ၾကယ္မႈေတြကို ေဖြရွာ ေဖာ္ထုတ္ခ်င္ခဲ့ၾကတာပါ။ ယေန႔ေခတ္မွာ oneirology လို႔ေခၚတဲ့ အိပ္မက္ေတြကို ေလ့လာဆည္းပူတဲ့ ပညာရပ္အသစ္လည္းရွိလာခဲ့ၿပီ။ ဒါက သိပၸံပညာေတြကို လြန္ၿပီး ပညာရပ္ဆန္တာေတြကို ေလ့လာလိုက္စားတဲ့ သူေတြ၊ အနာဂတ္ကို ခန႔္မွန္းနိုင္တယ္လို႔ ယုံၾကည္တဲ့သူေတြအတြက္ ရည္ရြယ္တယ္လို႔ သိရပါတယ္ …။

ဒါေပမယ့္ စိတ္ပညာရွင္ေတြကေတာ့ ဒီ အိပ္မက္ေတြက လက္ရွိ ျဖစ္ေပၚေနတဲ့ အေျခအေနေတြနဲ႔ တိတိက်က် ထင္ဟပ္ေနသလို၊ ဝိုးတဝါး သိမႈဆိုင္ရာေတြက တစ္စုံတစ္ရာ အေရးႀကီးတာကို အိပ္မက္ေတြကေနတစ္ဆင့္ အခ်ိန္နဲ႔လိုက္ၿပီး အသိေပးတာလို႔ဆိုၿပီး ယူဆၾကပါတယ္ …။

(၁) သြားေတြ ေႂကြက်၊ ဒဏ္ရာရ၊ ေသျခင္းတရား စတာေတြနဲ႔ ဆက္စပ္ မက္တတ္ရင္ ”

လူေတြရဲ့ မသိစိတ္မွာ သြားေတြကို လက္နက္တစ္ခုလို၊ ခြန္အားကို ေဖာ္ေဆာင္ျပတဲ့အရာ တစ္ခုလို၊ ကမၻာႀကီးကို တစ္ပိုင္းတစ္စ ကိုက္စုတ္နိုင္တဲ့ အစြမ္းရွိရာ တစ္ခုလို စြဲထင္ေနတတ္တယ္လို႔ ပန္ေနး ပီေရစ့္က ဆိုပါတယ္။ ဒါဟာ သင္ လက္ေတြ႕ဘဝမွာ အားကိုးရာမဲ့ေနသလို၊ တပ္ပ်က္ေနသလို ခံစားေနရတာေၾကာင့္လို႔ ရွင္းျပပါတယ္။ေနာက္ထပ္ ကၽြမ္းက်င္သူ ပက္ထရစ္ရွာ ဂါဖီးကေတာ့ သြားေတြ ကၽြတ္ထြက္လာတဲ့ အိပ္မက္ေတြအေၾကာင္းကို လူ႔ရဲ့ ကြယ္လၽွိုးေနတဲ့ ေဒါသေတြနဲ႔ ဆက္စပ္ျပပါတယ္။ ေဒါသထြက္လာၿပီဆိုရင္ အံႀကိတ္တတ္တာ သဘာဝပါပဲ။ အဲ့ဒါေၾကာင့္ အိပ္ေပ်ာ္ေနတဲ့အခါမွာ အံေတြႀကိတ္ၿပီး တကၽြိကၽြိ တကၽြတ္ကၽြတ္ အသံေတြ ထြက္တာလို႔ သူမက ဆိုပါတယ္။ တနည္းအားျဖင့္ ဒါဟာ မေကာင္းတဲ့ ခံစားမႈေတြ အရွိန္ျမင့္လာမယ္ဆိုတာကို နိမိတ္ျပေနတယ္လို႔လည္း ယူဆၾကပါတယ္ …။

ေနာက္တစ္ခုကေတာ့ ကၽြန္ေတာ္တို႔ အားလုံး ကိုယ္ အနီးအနားက တစ္စုံတစ္ေယာက္ ဒဏ္ရာရတာ၊ ဖ်ားနာတာ၊ ဆုံးပါတာ စတဲ့ မမက္ေကာင္း မက္တဲ့ အိပ္မက္ေတြ မက္တတ္ၾကပါတယ္။ ဒီ အိပ္မက္ေတြေၾကာင့္ အံၾသတုန္လႈပ္မႈေတြ ျဖစ္လာေစတယ္။ စိတ္ပိုင္းဆိုင္ရာ ရႈေထာင့္က ၾကည့္မယ္ဆိုရင္ေတာ့ အားလုံးက ထင္သေလာက္ ဆိုးဝါေနတာမ်ိဳးေတြ မရွိပါဘူး။ အနာဂတ္ဆိုတာရဲ့ အေၾကာက္တရားေတြ၊ ကိုယ့္ အနားကလူေတြမွာ ျဖစ္တတ္တဲ့ ေျပာင္းလဲမႈေတြ ျဖစ္ပ်က္တာ စတာေတြ စြဲေနတာေၾကာင့္လို႔ ဆိုပါတယ္။ကိုယ္ ေသတယ္လို႔ ကိုယ္ ျမင္မက္ရင္ေတာ့ တစ္ခ်ိဳ႕ေသာ သင့္ရဲ့ တစ္စိတ္တစ္ပိုင္းက အတိတ္ေတြထဲမွာ ေသဆုံးၿပီး နစ္ေမ်ာေနတာကို အသစ္တစ္ဖန္ေမြးဖြားရန္ ေနရာေပးဖို႔ အတြက္ နိမိတ္လို႔ ေကာက္ယူလို႔ ရပါတယ္ …။

(၂) မသင့္ေတာ္တဲ့ အဝတ္အစားနဲ႔ ျဖစ္ေနတာ၊ ဗလာက်င္း ျဖစ္ေနတာ ”

သင့္ အိပ္မက္ထဲမွာ သင္ဟာ မသင္ေတာ့တဲ့ အဝတ္အစားႀကီးနဲ႔ လူဘုံအလယ္ ေရာက္ေနတာမ်ိဳး ဝတ္လစ္ စလစ္နဲ႔ ျဖစ္ေနတာမ်ိဳး အေျခအေနေတြနဲ႔ ဆက္စပ္ၿပီး ျမင္မက္ရင္ သင့္ ေတြ႕ၾကဳံတဲ့ အိပ္မက္ရဲ့ ခံစားမႈေတြအေပၚမွာ အာ႐ုံစိုက္ဖို႔ အေရးႀကီးပါတယ္။ ဒီ အိပ္မက္ေတြက စိတ္ကသိကေအာက္ျဖစ္စရာ၊ တစ္ခုခုကို ရွက္ေၾကာက္ေနတာ စတာေတြေၾကာင့္လည္း မက္တတ္ပါတယ္။အလုပ္ သစ္၊ အခ်စ္သစ္မွာ အားငယ္သလို ခံစားေနရတာ၊ သူမ်ားေတြ သင့္ရဲ့ အားနည္းခ်က္ေတြ၊ ဆိုးတဲ့အခ်က္ေတြကို သိသြားမွာ စိုးေနတာေတြေၾကာင့္လို႔ အိုင္ယန္ ဝဲေလစ့္္ကို ဆိုပါတယ္ …။

ဒီလိုမွ မဟုတ္ဘဲ သင့္က သင့္အဝတ္အစားနဲ႔ ပတ္သက္ၿပီး ရွက္ေၾကာက္မေနဘဲ ဂုဏ္ေျမာက္ေနတယ္ဆိုရင္ တစ္မ်ိဳး အဓိပၸာယ္ ေကာက္ယူလို႔ ရပါတယ္။ ဒါ သင့္စိတ္မွာ အသိမွတ္ျပဳခံရမႈေတြ၊ အထင္ႀကီးေလးစားမႈေတြ ေလ်ာ့ပါးေနသလို ခံစားေနရတာေၾကာင့္ေသာ္လည္းေကာင္း၊ တျခားသူေတြကို သင့္ရဲ့ ပင္ကိုအရည္အေသြးေတြနဲ႔ တတ္ေျမာက္ကၽြမ္းက်င္မႈေတြကို ျပသခ်င္ေနတာေသာ္လည္းေကာင္း ရွိေနလို႔ျဖစ္တယ္။ေနာက္တစ္ခုအေနနဲ႔ မၾကာေတာ့တဲ့ ကာလတစ္ခုမွာ ဘဝနဲ႔ ပတ္သက္ၿပီး အေရးႀကီးတဲ့ အခမ္းအနားတစ္ခု သင့္မွာ ရွိေနမယ္။ အဲ့ဒီ အခ်ိန္မွာ အိပ္မက္က သင္ (သို႔) သင့္ အသိမိတ္ေဆြတစ္ေယာက္ေယာက္က မသင့္ေတာ္တဲ့ အသြင္အျပင္၊ အျပင္ဆင္နဲ႔ ေပၚလာတယ္လို႔ မက္တယ္ဆိုရင္ ဒါ အဲ့ဒီ့ပြဲနဲ႔ ပတ္သက္ၿပီး သင့္မွာ သံသယတစ္ခ်ိဳ႕ ပြားေနလို႔ ပါတဲ့ …။

(၃) ျပဳတ္က်ျခင္း ”

အသက္အရြယ္ ရလာတာနဲ႔ အမၽွ လူေတြဟာ ပ်ံသန္းတာထက္ ျပဳတ္က်တာကို ပိုၿပီး အိပ္မက္မက္တတ္ၾကပါတယ္။ စိတ္ပညာရွင္ အိုင္ယန္ ဝဲေလ့စ္ ရဲ့အဆိုအရ၊ ဒီ ျပဳတ္က်တာကို မက္တဲ့ လကၡဏာဟာ မထိန္းနိုင္မသိမ္းနိုင္ ကြန္ထရိုေတြမဲ့ကုန္မွာနဲ႔ ပတ္သက္တဲ့ အေၾကာက္တရားေၾကာင့္ ဆိုၿပီး သိရပါတယ္။သင့္ အေနနဲ႔ ခ်ဳပ္ထိန္းဖို႔ လိုအပ္ေနတယ္၊ အားနည္းေနတယ္လို႔ ခံစားရတဲ့ အပိုင္း က႑ေတြ အေၾကာင္း စဥ္းစားသင့္တယ္။ ၿပီးရင္ ဒါေတြကို ဘယ္လို ေျဖာင့္မွန္ေအာင္ လုပ္ရမလဲဆိုတာလည္း ေတြးသင့္ပါတယ္ …။

သိပၸံပညာရွင္ တစ္ခ်ိဳ႕ ဒါနဲ႔ ပတ္သက္လို႔ ရွင္းျပထားပုံကေတာ့ ရွင္းပါတယ္။ အိပ္ပ်ာ္သြားတဲ့အခါ အာ႐ုံေၾကာဖြဲ႕စည္းမႈ စနစ္က စတင္ၿပီး ၿငိမ္သက္လာပါတယ္။ ေသြးေပါင္နဲ႔ ႏွလုံးခုန္ႏႈန္းလည္း ေလ်ာ့က်လာမယ္။ အဲ့ဒီအခါ သင့္ရဲ့ အိပ္စက္ေနတဲ့ ဦးေႏွာက္က ဒီ ႐ုပ္ပိုင္းဆိုင္ရာ ေျပာင္းလဲမႈကို အႏၲရာယ္တစ္ခုလို႔၊ ေသမလို ျဖစ္သလို မွတ္ယူၿပီး ဒီလိုေၾကာင့္နဲ႔ သင္ ႐ုတ္တရက္ လန႔္နိုးလာတာမ်ိဳးေတြ ျဖစ္ေစပါတယ္ ဆိုတဲ့အေၾကာင္း ရွင္းျပထားတာ ရွိပါတယ္။ ဒီလို အိပ္မက္နဲ႔ ေျပာင္းျပန္ျဖစ္တဲ့ ပ်ံသန္းရတဲ့ အိပ္မက္ကေတာ့ တစ္ခ်ိဳ႕ေသာ အခက္အခဲေတြကို ျဖတ္ေက်ာ္လြန္ေျမာက္လာၿပီးေနာက္ ေပါ့ပါးျခင္းနဲ႔ စိတ္တိုင္းက်တဲ့ လြတ္လပ္မႈကို ရရွိျခင္း စတဲ့ လကၡဏာေတြကို ေဖာ္ေဆာင္ပါတယ္ …။

(၄) လိုက္ အဖမ္းခံရတာ၊ ႏွိပ္စက္ခံရတာ ”

ဒီလို အိပ္မက္ေတြမွာေတာ့ အဓိပၸာယ္ေပါင္းမ်ားစြာရွိပါတယ္။ စိတ္ပညာရွင္ ေလာရီ လိုဝမ္ဘဂ္ ေျပာတာကေတာ့ လူေတြဟာ ပရိပကၡေတြကို ေရွာင္ရွားလိုေလ့ရွိၿပီး၊ ကၽြဲၿမီးတိုတဲ့သူေတြ၊ ျပႆနာရွာတတ္တဲ့ သူေတြကို ေၾကာက္တဲ့ သူေတြသာ ဒီလို အိပ္မက္ေတြကို မက္ေလ့ရွိၾကပါတယ္တဲ့…။ကိုယ့္ကို လိုက္ဖမ္းတဲ့ အရာကို သတိျပဳၾကည့္ပါ..။ ဒါေတြက လက္ေတြ႕ဘဝက သင္ရဲ့ မသာယာတဲ့ အေျခအေနေတြနဲ႔ စိတ္မခ်မ္းသာစရာ ခံစားမႈေတြေၾကာင့္ မက္တာလည္း ရွိတတ္တယ္။ အေႂကြး (သို႔) စြဲလန္းမႈ တစ္စုံတစ္ရာ၊ စတာေတြေၾကာင့္လည္း မက္နိုင္တယ္။ ေနာက္တစ္ခုက တစ္ခ်ိဳ႕ေသာ လူေတြ၊ သင့္ရဲ့ ဝန္မခံခ်င္တဲ့ ပင္ကို အေၾကာင္းအခ်က္ တစ္ခ်ိဳ႕နဲ႔ ပတ္သက္ၿပီးလည္း ျမင္မက္တတ္ပါတယ္ …။

(၅) စာေမးပြဲက်တာ၊ လူ ပရိတ္သတ္ေရွ႕ တင္ဆက္မႈမွာ မေအာင္ျမင္တာ ”

အိပ္မက္ထဲမွာ စာေမးပြဲေျဖေနရင္း ႐ုတ္တရက္ႀကီး ဘာကိုမွ မမွတ္မိေတာ့တာ၊ လူအုပ္ႀကီး ေရွ႕မွာ ရပ္ေနခ်ိန္ ဘာ စကားတစ္လုံးေျပာလို႔မရတာ စတဲ့ အိပ္မက္ေတြကို ေက်ာင္းေနအရြယ္ ကေလးကစၿပီး ဘြဲ႕ရၿပီးတာ ႏွစ္ခ်ိဳ႕ေနတဲ့ အရြယ္ေတြအထိ မက္ေလ့မက္ထရွိၾကပါတယ္။ ဒါဟာ သင္ မအိပ္ခင္ တစ္ခုခုေၾကာင့္နဲ႔ ေသာကမ်ားသြားတာ၊ တစ္စုံတစ္ရာနဲ႔ ပတ္သက္ၿပီး အျပင္းအထန္ ပူပန္ေနတာေတြေၾကာင့္ မက္တာျဖစ္ပါတယ္။ ဒီ့အတြက္ေတာ့ ခဏတျဖဳတ္ တန္းျဖဳတ္ၿပီး အနားယူတာက အေကာင္းဆုံး ျဖစ္ပါတယ္ …။ ။

Ref : Brightside

Unicode

ဂရုမစိုက်ပဲ မနေသင့်တဲ့ အိမ်မက်(၅)မျိုး

လူတွေဟာ လူဆိုပြီး ဖြစ်တည်လာကြကတည်းက အိပ်မက်တွေရဲ့ဆန်ကြယ်မှုတွေကို ဖွေရှာ ဖော်ထုတ်ချင်ခဲ့ကြတာပါ။ ယနေ့ခေတ်မှာ oneirology လို့ခေါ်တဲ့ အိပ်မက်တွေကို လေ့လာဆည်းပူတဲ့ ပညာရပ်အသစ်လည်းရှိလာခဲ့ပြီ။ ဒါက သိပ္ပံပညာတွေကို လွန်ပြီး ပညာရပ်ဆန်တာတွေကို လေ့လာလိုက်စားတဲ့ သူတွေ၊ အနာဂတ်ကို ခန့်မှန်းနိုင်တယ်လို့ ယုံကြည်တဲ့သူတွေအတွက် ရည်ရွယ်တယ်လို့ သိရပါတယ် …။

ဒါပေမယ့် စိတ်ပညာရှင်တွေကတော့ ဒီ အိပ်မက်တွေက လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ တိတိကျကျ ထင်ဟပ်နေသလို၊ ဝိုးတဝါး သိမှုဆိုင်ရာတွေက တစ်စုံတစ်ရာ အရေးကြီးတာကို အိပ်မက်တွေကနေတစ်ဆင့် အချိန်နဲ့လိုက်ပြီး အသိပေးတာလို့ဆိုပြီး ယူဆကြပါတယ် …။

(၁) သွားတွေ ကြွေကျ၊ ဒဏ်ရာရ၊ သေခြင်းတရား စတာတွေနဲ့ ဆက်စပ် မက်တတ်ရင် ”

လူတွေရဲ့ မသိစိတ်မှာ သွားတွေကို လက်နက်တစ်ခုလို၊ ခွန်အားကို ဖော်ဆောင်ပြတဲ့အရာ တစ်ခုလို၊ ကမ္ဘာကြီးကို တစ်ပိုင်းတစ်စ ကိုက်စုတ်နိုင်တဲ့ အစွမ်းရှိရာ တစ်ခုလို စွဲထင်နေတတ်တယ်လို့ ပန်နေး ပီရေစ့်က ဆိုပါတယ်။ ဒါဟာ သင် လက်တွေ့ဘဝမှာ အားကိုးရာမဲ့နေသလို၊ တပ်ပျက်နေသလို ခံစားနေရတာကြောင့်လို့ ရှင်းပြပါတယ်။နောက်ထပ် ကျွမ်းကျင်သူ ပက်ထရစ်ရှာ ဂါဖီးကတော့ သွားတွေ ကျွတ်ထွက်လာတဲ့ အိပ်မက်တွေအကြောင်းကို လူ့ရဲ့ ကွယ်လျှိုးနေတဲ့ ဒေါသတွေနဲ့ ဆက်စပ်ပြပါတယ်။ ဒေါသထွက်လာပြီဆိုရင် အံကြိတ်တတ်တာ သဘာဝပါပဲ။ အဲ့ဒါကြောင့် အိပ်ပျော်နေတဲ့အခါမှာ အံတွေကြိတ်ပြီး တကျွိကျွိ တကျွတ်ကျွတ် အသံတွေ ထွက်တာလို့ သူမက ဆိုပါတယ်။ တနည်းအားဖြင့် ဒါဟာ မကောင်းတဲ့ ခံစားမှုတွေ အရှိန်မြင့်လာမယ်ဆိုတာကို နိမိတ်ပြနေတယ်လို့လည်း ယူဆကြပါတယ် …။

နောက်တစ်ခုကတော့ ကျွန်တော်တို့ အားလုံး ကိုယ် အနီးအနားက တစ်စုံတစ်ယောက် ဒဏ်ရာရတာ၊ ဖျားနာတာ၊ ဆုံးပါတာ စတဲ့ မမက်ကောင်း မက်တဲ့ အိပ်မက်တွေ မက်တတ်ကြပါတယ်။ ဒီ အိပ်မက်တွေကြောင့် အံသြတုန်လှုပ်မှုတွေ ဖြစ်လာစေတယ်။ စိတ်ပိုင်းဆိုင်ရာ ရှုထောင့်က ကြည့်မယ်ဆိုရင်တော့ အားလုံးက ထင်သလောက် ဆိုးဝါနေတာမျိုးတွေ မရှိပါဘူး။ အနာဂတ်ဆိုတာရဲ့ အကြောက်တရားတွေ၊ ကိုယ့် အနားကလူတွေမှာ ဖြစ်တတ်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပျက်တာ စတာတွေ စွဲနေတာကြောင့်လို့ ဆိုပါတယ်။ကိုယ် သေတယ်လို့ ကိုယ် မြင်မက်ရင်တော့ တစ်ချို့သော သင့်ရဲ့ တစ်စိတ်တစ်ပိုင်းက အတိတ်တွေထဲမှာ သေဆုံးပြီး နစ်မျောနေတာကို အသစ်တစ်ဖန်မွေးဖွားရန် နေရာပေးဖို့ အတွက် နိမိတ်လို့ ကောက်ယူလို့ ရပါတယ် …။

(၂) မသင့်တော်တဲ့ အဝတ်အစားနဲ့ ဖြစ်နေတာ၊ ဗလာကျင်း ဖြစ်နေတာ ”

သင့် အိပ်မက်ထဲမှာ သင်ဟာ မသင်တော့တဲ့ အဝတ်အစားကြီးနဲ့ လူဘုံအလယ် ရောက်နေတာမျိုး ဝတ်လစ် စလစ်နဲ့ ဖြစ်နေတာမျိုး အခြေအနေတွေနဲ့ ဆက်စပ်ပြီး မြင်မက်ရင် သင့် တွေ့ကြုံတဲ့ အိပ်မက်ရဲ့ ခံစားမှုတွေအပေါ်မှာ အာရုံစိုက်ဖို့ အရေးကြီးပါတယ်။ ဒီ အိပ်မက်တွေက စိတ်ကသိကအောက်ဖြစ်စရာ၊ တစ်ခုခုကို ရှက်ကြောက်နေတာ စတာတွေကြောင့်လည်း မက်တတ်ပါတယ်။အလုပ် သစ်၊ အချစ်သစ်မှာ အားငယ်သလို ခံစားနေရတာ၊ သူများတွေ သင့်ရဲ့ အားနည်းချက်တွေ၊ ဆိုးတဲ့အချက်တွေကို သိသွားမှာ စိုးနေတာတွေကြောင့်လို့ အိုင်ယန် ဝဲလေစ့််ကို ဆိုပါတယ် …။

ဒီလိုမှ မဟုတ်ဘဲ သင့်က သင့်အဝတ်အစားနဲ့ ပတ်သက်ပြီး ရှက်ကြောက်မနေဘဲ ဂုဏ်မြောက်နေတယ်ဆိုရင် တစ်မျိုး အဓိပ္ပာယ် ကောက်ယူလို့ ရပါတယ်။ ဒါ သင့်စိတ်မှာ အသိမှတ်ပြုခံရမှုတွေ၊ အထင်ကြီးလေးစားမှုတွေ လျော့ပါးနေသလို ခံစားနေရတာကြောင့်သော်လည်းကောင်း၊ တခြားသူတွေကို သင့်ရဲ့ ပင်ကိုအရည်အသွေးတွေနဲ့ တတ်မြောက်ကျွမ်းကျင်မှုတွေကို ပြသချင်နေတာသော်လည်းကောင်း ရှိနေလို့ဖြစ်တယ်။နောက်တစ်ခုအနေနဲ့ မကြာတော့တဲ့ ကာလတစ်ခုမှာ ဘဝနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ အခမ်းအနားတစ်ခု သင့်မှာ ရှိနေမယ်။ အဲ့ဒီ အချိန်မှာ အိပ်မက်က သင် (သို့) သင့် အသိမိတ်ဆွေတစ်ယောက်ယောက်က မသင့်တော်တဲ့ အသွင်အပြင်၊ အပြင်ဆင်နဲ့ ပေါ်လာတယ်လို့ မက်တယ်ဆိုရင် ဒါ အဲ့ဒီ့ပွဲနဲ့ ပတ်သက်ပြီး သင့်မှာ သံသယတစ်ချို့ ပွားနေလို့ ပါတဲ့ …။

(၃) ပြုတ်ကျခြင်း ”

အသက်အရွယ် ရလာတာနဲ့ အမျှ လူတွေဟာ ပျံသန်းတာထက် ပြုတ်ကျတာကို ပိုပြီး အိပ်မက်မက်တတ်ကြပါတယ်။ စိတ်ပညာရှင် အိုင်ယန် ဝဲလေ့စ် ရဲ့အဆိုအရ၊ ဒီ ပြုတ်ကျတာကို မက်တဲ့ လက္ခဏာဟာ မထိန်းနိုင်မသိမ်းနိုင် ကွန်ထရိုတွေမဲ့ကုန်မှာနဲ့ ပတ်သက်တဲ့ အကြောက်တရားကြောင့် ဆိုပြီး သိရပါတယ်။သင့် အနေနဲ့ ချုပ်ထိန်းဖို့ လိုအပ်နေတယ်၊ အားနည်းနေတယ်လို့ ခံစားရတဲ့ အပိုင်း ကဏ္ဍတွေ အကြောင်း စဉ်းစားသင့်တယ်။ ပြီးရင် ဒါတွေကို ဘယ်လို ဖြောင့်မှန်အောင် လုပ်ရမလဲဆိုတာလည်း တွေးသင့်ပါတယ် …။

သိပ္ပံပညာရှင် တစ်ချို့ ဒါနဲ့ ပတ်သက်လို့ ရှင်းပြထားပုံကတော့ ရှင်းပါတယ်။ အိပ်ပျာ်သွားတဲ့အခါ အာရုံကြောဖွဲ့စည်းမှု စနစ်က စတင်ပြီး ငြိမ်သက်လာပါတယ်။ သွေးပေါင်နဲ့ နှလုံးခုန်နှုန်းလည်း လျော့ကျလာမယ်။ အဲ့ဒီအခါ သင့်ရဲ့ အိပ်စက်နေတဲ့ ဦးနှောက်က ဒီ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုကို အန္တရာယ်တစ်ခုလို့၊ သေမလို ဖြစ်သလို မှတ်ယူပြီး ဒီလိုကြောင့်နဲ့ သင် ရုတ်တရက် လန့်နိုးလာတာမျိုးတွေ ဖြစ်စေပါတယ် ဆိုတဲ့အကြောင်း ရှင်းပြထားတာ ရှိပါတယ်။ ဒီလို အိပ်မက်နဲ့ ပြောင်းပြန်ဖြစ်တဲ့ ပျံသန်းရတဲ့ အိပ်မက်ကတော့ တစ်ချို့သော အခက်အခဲတွေကို ဖြတ်ကျော်လွန်မြောက်လာပြီးနောက် ပေါ့ပါးခြင်းနဲ့ စိတ်တိုင်းကျတဲ့ လွတ်လပ်မှုကို ရရှိခြင်း စတဲ့ လက္ခဏာတွေကို ဖော်ဆောင်ပါတယ် …။

(၄) လိုက် အဖမ်းခံရတာ၊ နှိပ်စက်ခံရတာ ”

ဒီလို အိပ်မက်တွေမှာတော့ အဓိပ္ပာယ်ပေါင်းများစွာရှိပါတယ်။ စိတ်ပညာရှင် လောရီ လိုဝမ်ဘဂ် ပြောတာကတော့ လူတွေဟာ ပရိပက္ခတွေကို ရှောင်ရှားလိုလေ့ရှိပြီး၊ ကျွဲမြီးတိုတဲ့သူတွေ၊ ပြဿနာရှာတတ်တဲ့ သူတွေကို ကြောက်တဲ့ သူတွေသာ ဒီလို အိပ်မက်တွေကို မက်လေ့ရှိကြပါတယ်တဲ့…။ကိုယ့်ကို လိုက်ဖမ်းတဲ့ အရာကို သတိပြုကြည့်ပါ..။ ဒါတွေက လက်တွေ့ဘဝက သင်ရဲ့ မသာယာတဲ့ အခြေအနေတွေနဲ့ စိတ်မချမ်းသာစရာ ခံစားမှုတွေကြောင့် မက်တာလည်း ရှိတတ်တယ်။ အကြွေး (သို့) စွဲလန်းမှု တစ်စုံတစ်ရာ၊ စတာတွေကြောင့်လည်း မက်နိုင်တယ်။ နောက်တစ်ခုက တစ်ချို့သော လူတွေ၊ သင့်ရဲ့ ဝန်မခံချင်တဲ့ ပင်ကို အကြောင်းအချက် တစ်ချို့နဲ့ ပတ်သက်ပြီးလည်း မြင်မက်တတ်ပါတယ် …။

(၅) စာမေးပွဲကျတာ၊ လူ ပရိတ်သတ်ရှေ့ တင်ဆက်မှုမှာ မအောင်မြင်တာ ”

အိပ်မက်ထဲမှာ စာမေးပွဲဖြေနေရင်း ရုတ်တရက်ကြီး ဘာကိုမှ မမှတ်မိတော့တာ၊ လူအုပ်ကြီး ရှေ့မှာ ရပ်နေချိန် ဘာ စကားတစ်လုံးပြောလို့မရတာ စတဲ့ အိပ်မက်တွေကို ကျောင်းနေအရွယ် ကလေးကစပြီး ဘွဲ့ရပြီးတာ နှစ်ချို့နေတဲ့ အရွယ်တွေအထိ မက်လေ့မက်ထရှိကြပါတယ်။ ဒါဟာ သင် မအိပ်ခင် တစ်ခုခုကြောင့်နဲ့ သောကများသွားတာ၊ တစ်စုံတစ်ရာနဲ့ ပတ်သက်ပြီး အပြင်းအထန် ပူပန်နေတာတွေကြောင့် မက်တာဖြစ်ပါတယ်။ ဒီ့အတွက်တော့ ခဏတဖြုတ် တန်းဖြုတ်ပြီး အနားယူတာက အကောင်းဆုံး ဖြစ်ပါတယ် …။ ။

Ref : Brightside

shares