HARTHANANTAW

Digital World

အဆိုေတာ္ ၿဖိဳးျပည့္စုံ မူးယစ္ေဆးသုံးစြဲမႈျဖင့္ ျမန္မာပလာဇာတြင္ ဖမ္းဆီးထိန္းသိမ္းခံရ (႐ုပ္/သံ)

အဆိုေတာ္ ၿဖိဳးျပည့္စုံ မူးယစ္ေဆးသုံးစြဲမႈျဖင့္ ျမန္မာပလာဇာတြင္ ဖမ္းဆီးထိန္းသိမ္းခံရ (႐ုပ္/သံ)

အလြမ္းအေဆြး သီခ်င္းမ်ားနဲ႔ လူငယ္ေတြအၾကား ေရပန္းစား ေက်ာ္ၾကားေနတဲ့ လူငယ္ေတးသံရွင္တဦးလည္းျဖစ္၊ ဆရာဝန္တဦးလည္း ျဖစ္တဲ့ အဆိုေတာ္ ၿဖိဳးျပည့္စုံတေယာက္ မူးယစ္ေဆးဝါးအမႈနဲ႔ ဖမ္းဆီး ထိန္းသိမ္းခံထားရတယ္လို႔ သိရပါတယ္။ မူရင္း သတင္း အျပည့္အစုံကို ေအာက္မွာ ေဖာ္ျပထားပါတယ္ …။

ေအာက္တိုဘာ (၇) ။ ။ အဆိုေတာ္ၿဖိဳးျပည့္စုံကို ယေန႔ညေန၆နာရီခန္႔က ျမန္မာပလာဇာတြင္ မႈးယစ္ေဆးဝါးမႈျဖင့္ ဖမ္းဆီးထိန္းသိမ္းခံ ထားရေၾကာင္းကို ရန္ကုန္တိုင္းေဒသႀကီး ျပည္ထဲေရးဝန္ႀကီးဌာန႐ုံးမွ တာဝန္ရွိသူတဦးမွ အတည္ျပဳ ေျပာၾကားေၾကာင္း ကနဦးသတင္းအရ သိရိွရပါတယ္ …။

ယခုေခတ္လို မူးယစ္ေဆးဝါးမ်ား အလြယ္တကူ ရရွိေနတဲ့ ေခတ္ႀကီးထဲမွာ အႏုပညာရွင္မ်ားအေနနဲ႔ မူးယစ္ေဆးရဲ့ ဆြဲေဆာင္မႈကို လြတ္ေအာင္ ေရွာင္တိမ္းဖို႔ဆိုတာ အဓိကက်တဲ့ အခ်က္တခု ျဖစ္ပါတယ္။ အမွန္တကယ္ေတာ့ ကိုယ့္ရဲ့ အႏုပညာ ဖန္တီးမႈဟာ ကိုယ့္အေပၚမွာပဲ မူတည္တာပါ။ ဘယ္မူးယစ္ေဆးဝါးကိုမွ မမွီခိုပါဘူး …။

မူးယစ္ေဆးဝါးေၾကာင့္ အႏုပညာ ပိုဖန္တီးနိုင္တယ္ဆိုတဲ့ စကားဟာ ယုံတမ္း စကားပဲ ျဖစ္ပါတယ္။ အဲဒါေၾကာင့္ လူငယ္မ်ားအေနနဲ႔ မူးယစ္ေဆးဝါးမ်ားကို အတတ္နိုင္ဆုံး ေရွာင္ရွားၾကပါလို႔ တိုက္တြန္းလိုက္ပါရေစ …။ ။

Credit : Glamour

Unicode

အဆိုတော် ဖြိုးပြည့်စုံ မူးယစ်ဆေးသုံးစွဲမှုဖြင့် မြန်မာပလာဇာတွင် ဖမ်းဆီးထိန်းသိမ်းခံရ (ရုပ်/သံ)

အလွမ်းအဆွေး သီချင်းများနဲ့ လူငယ်တွေအကြား ရေပန်းစား ကျော်ကြားနေတဲ့ လူငယ်တေးသံရှင်တဦးလည်းဖြစ်၊ ဆရာဝန်တဦးလည်း ဖြစ်တဲ့ အဆိုတော် ဖြိုးပြည့်စုံတယောက် မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီး ထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။ မူရင်း သတင်း အပြည့်အစုံကို အောက်မှာ ဖော်ပြထားပါတယ် …။

အောက်တိုဘာ (၇) ။ ။ အဆိုတော်ဖြိုးပြည့်စုံကို ယနေ့ညနေ၆နာရီခန့်က မြန်မာပလာဇာတွင် မှုးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံ ထားရကြောင်းကို ရန်ကုန်တိုင်းဒေသကြီး ပြည်ထဲရေးဝန်ကြီးဌာနရုံးမှ တာဝန်ရှိသူတဦးမှ အတည်ပြု ပြောကြားကြောင်း ကနဦးသတင်းအရ သိရှိရပါတယ် …။

ယခုခေတ်လို မူးယစ်ဆေးဝါးများ အလွယ်တကူ ရရှိနေတဲ့ ခေတ်ကြီးထဲမှာ အနုပညာရှင်များအနေနဲ့ မူးယစ်ဆေးရဲ့ ဆွဲဆောင်မှုကို လွတ်အောင် ရှောင်တိမ်းဖို့ဆိုတာ အဓိကကျတဲ့ အချက်တခု ဖြစ်ပါတယ်။ အမှန်တကယ်တော့ ကိုယ့်ရဲ့ အနုပညာ ဖန်တီးမှုဟာ ကိုယ့်အပေါ်မှာပဲ မူတည်တာပါ။ ဘယ်မူးယစ်ဆေးဝါးကိုမှ မမှီခိုပါဘူး …။

မူးယစ်ဆေးဝါးကြောင့် အနုပညာ ပိုဖန်တီးနိုင်တယ်ဆိုတဲ့ စကားဟာ ယုံတမ်း စကားပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် လူငယ်များအနေနဲ့ မူးယစ်ဆေးဝါးများကို အတတ်နိုင်ဆုံး ရှောင်ရှားကြပါလို့ တိုက်တွန်းလိုက်ပါရစေ …။ ။

Credit : Glamour

shares