HARTHANANTAW

Digital World

ခႏၶာကိုယ္ထဲ ဝင္ေရာက္ ဒုကၡေပးေနတဲ့ ခ်ိတ္ သံေကာင္ အႏၲရာယ္

ခႏၶာကိုယ္ထဲ ဝင္ေရာက္ ဒုကၡေပးေနတဲ့ ခ်ိတ္ သံေကာင္ အႏၲရာယ္

ဘယ္ဘက္နံၾကားထဲကဆိုးဆိုးရြားရြားေအာင့္လာလို႔သန္းေခါင္ယံေလာက္ႀကီးနိုးလာတယ္ ။အဆုပ္ထဲေရဝင္တုန္းကလိုေအာင့္တာစူးၿပီးတဆစ္ဆစ္နဲ႔ကိုက္ၿပီးေအာင့္တာ ။အသက္ကိုအဆုံးအထိ ဆြဲၿပီး ရႉၾကည့္ေတာ့ ရတယ္ ေရဝင္တာမဟုတ္ျပန္ဘူး …။

ဘယ္ဘက္ရင္ဘတ္ရင္အုံတဝွိုက္ဆိုက်ိန္းၿပီးစပ္ေနတာ။ႏွလုံးအားနည္းလို႔လားဒီရက္ပိုင္းစိတ္ဖိစီးမႈ႔ေတြမ်ားလို႔လားထင္လို႔ ၿခံထဲလမ္းဆင္းေလၽွာက္ၿပီးတရားေခြဖြင့္ၿပီးျပန္အိပ္တယ္ ။ အိပ္လဲမရပါဘူး ေမွးလိုက္နာလြန္းလို ႔ျပန္နိုးလိုက္နဲ႔ မိုးလင္းေရာပဲ …။

ဒုတိယေန႔ညက်ပထမေန႔ထက္ပိုေအာင့္လာတယ္ ။ တသက္နဲ႔တကိုယ္ခနခန ေရာဂါဒဏ္ရာေတြနဲ႔ နာခဲ့ဘူးပါတယ္ အခုျဖစ္တာနဲ႔ယွဥ္ရင္အရင္နာခဲ့ဘူးတယ္ဆိုတာမေျပာပေလာက္ဘူး ။တညလုံးအိပ္မရ နဲနဲလႈပ္တာနဲ႔နာအသက္ဆိုေျဖးေျဖးေလး ရႉရတယ္ …။

ခ်က္ျခင္းေဆးခန္းျပဖို႔ကလဲ ေတာထဲေရာက္ေနေတာ့အဆင္မေျပေတာ့တညလုံးမိုးအလင္းပဲငုပ္တုပ္ထိုင္လိုက္လမ္းထေလၽွာက္လိုက္ပဲ ။နာတာထက္ပိုၿပီး က်ိန္းစပ္ေနတာျဖင့္အေပၚယံအေရျပားေလးေတာင္အထိမခံနိုင္ဘူးစပ္ဖ်င္းဖ်င္းႀကီး …။တတိယေန႔ ေဆးခန္းေရာက္မွ ေရာဂါသိတယ္ခႏၲာကိုယ္ထဲအေကာင္ဝင္ေနတာ ( Hookworm infection) ခ်ိတ္သံေကာင္ ကူးစက္ခံရတာေပါ့ ။သံေကာင္ဆိုလို႔ ကၽြန္ေတာ္သိတာဗိုက္ထဲရွိတာေလာက္သိတာအခုကအေရျပားအလႊာထဲမွာတဲ့ …။

ကၽြန္ေတာ္က ေစာေစာေရာက္လို႔ေတာ္ပါေသးတယ္ဒါမ်ိဳးက ကမ္းစပ္ နယ္ဘက္မွာအျဖစ္မ်ားေတာ့ ေဆးမီးတိုနဲ႔ကုၿပီး တကိုယ္လုံးပြထေနမွေရာက္လာၾကတာမ်ားတယ္တဲ့ ။ ဒါကဒီစာေရးရတဲ့ အေၾကာင္းအရင္းပါကိုယ္ခံစားရတဲ့နာက်င္မႈမ်ိဳးနဲ႔ တျခားလူထပ္မခံစားေစခ်င္ဘူးအဓိကနယ္ဘက္ကလူေတြ ခရီးသြားတဲ့လူေတြကို သတိထားေစခ်င္တာ …။

ေျမႀကီးက အပင္ကေန ေခြး/ေၾကာင္ေတြကိုင္တြယ္ရာကမစင္ကပါကူးတယ္ ။ ပါးစပ္ကမွဝင္တာမဟုတ္ဘူး ေၿခ ေထာက္ကေမႊးညႇင္းေပါက္ကပါဝင္တာတဲ့ ။အထဲေရာက္ရင္အေပၚယံအေရျပားလႊာထဲကေနလွည့္ပတ္သြားေန စားေသာက္ေနတာပြဲေစ်းပတ္ေနသလိုပဲ။သူသြားသမၽွ သူေရႊ႕သမၽွကိုယ္ကဒုကၡခံရတာက ေသမလိုခံရတာ။တေကာင္ထဲလားဆိုမဟုတ္ဥခ်မယ္မ်ိဳးပြားမယ္လုပ္ေသး တာ …။

ဒီေရာဂါရဲ့သိသာတဲ့အခ်က္ကတေနရာထဲမေအာင့္မနာဘူး အေကာင္ေရႊ႕သြားတဲ့ေနရာလိုက္နာေနတာ။ကၽြန္ေတာ္ဆို ပထမရက္ကဘယ္ဘက္နံၾကား ေနာက္ရက္က် ေက်ာခ်မ္းရင္အုပ္အုပ္ပိုင္းတဝွိုက္ေရာက္ေနၿပီတတိယရက္က် ေက်ာ ကုန္းအလည္ဘက္ ။ ေနာက္တခုကသူသြားေလရာလမ္း ေၾကာင္းေလးက်န္ခဲ့တယ္။တခ်ိဳ႕လူေတြရက္ၾကာလာရင္အေကာင္ပုံစံေလးထင္းထင္းေဖာင္းေနတယ္ …။

အဆိုးဆုံးအေျခအေနကအာ႐ုံေၾကာထဲဝင္မယ္ဦးေႏွာက္ထိေရာက္မယ္မ်က္စိထဲပါေရာက္မယ္တဲ့။ ခရီးသြားမ်ားတဲ့ ေတာတိုး ေတာင္တက္ေနတဲ့လူေတြ ကမ္းေျခသြားမယ္ဆိုသူေတြဂ႐ုစိုက္ရမွာပဲ ။ ျမက္ခင္းေလးစိမ္းေနတာပဲဆိုေျပးမလွဲနဲ႔ (me)ေသာင္ျပင္ေပၚပက္လက္အိပ္မယ္ဆိုလဲ စဥ္းစားပါဦး ဘယ္သြားသြားဖိနပ္စီးတာအေကာင္းဆုံးပဲေခြး/ ေၾကာင္ေတြနဲ႔ပါးယက္နားယက္မေနနဲ႔လက္နဲ႔ ေျခေထာက္စင္ေအာင္ေဆးပါ ။ ညစ္ ပတ္တဲ့အစားအစာေတြမစားပါနဲ႔ဆူရွီအသားစိမ္းငါးခ်ဥ္ထုပ္ေတြ ဂ႐ုစိုက္ပါ …။

ကၽြန္ေတာ့လို ခံစားရလာရင္ ေဆးခန္းသာေျပးပါတခ်ိဳ႕ကယားနာလိုလိုဘာလိုလိုထင္ၿပီးယားနာေဆးပဲလိမ္းၾကတယ္တဲ့။ဒါနဲ႔ပဲ ေနာက္က်မွေရာက္လာေတာ့ ေသာက္ေဆးနဲ႔မနိုင္တဲ့အေျခအေနေရာက္ကုန္တာေပါ့ ။

အခုလို ေစာေစာသိခဲ့တာေတာင္ဒီေလာက္ခံရခက္တာ ။ေနာက္က်မွ ကိုယ္ထဲပြားေနမွသိရင္ဘယ္ေလာက္ခံစားေနရမလဲမသိပါဘူးဗ်ာ။ကၽြန္ေတာ္အခုေတာ့ ေဆးငါးရက္စာနဲ႔သက္သာေနပါၿပီ ။ကိုယ္ျဖစ္တာျပန္ေျပာျပတဲ့ Sharing သက္သက္ျဖစ္လို႔ အမွားရွိရင္ေထာက္ျပပါေနာ္။ေမးသမၽွေျဖေပးတဲ့ဆရာဝိေရ ေက်းဇူးပါေနာ္ …။ ။

Crd#

Unicode

ခန္ဓာကိုယ်ထဲ ဝင်ရောက် ဒုက္ခပေးနေတဲ့ ချိတ် သံကောင် အန္တရာယ်

ဘယ်ဘက်နံကြားထဲကဆိုးဆိုးရွားရွားအောင့်လာလို့သန်းခေါင်ယံလောက်ကြီးနိုးလာတယ် ။အဆုပ်ထဲရေဝင်တုန်းကလိုအောင့်တာစူးပြီးတဆစ်ဆစ်နဲ့ကိုက်ပြီးအောင့်တာ ။အသက်ကိုအဆုံးအထိ ဆွဲပြီး ရှူကြည့်တော့ ရတယ် ရေဝင်တာမဟုတ်ပြန်ဘူး …။

ဘယ်ဘက်ရင်ဘတ်ရင်အုံတဝှိုက်ဆိုကျိန်းပြီးစပ်နေတာ။နှလုံးအားနည်းလို့လားဒီရက်ပိုင်းစိတ်ဖိစီးမှု့တွေများလို့လားထင်လို့ ခြံထဲလမ်းဆင်းလျှောက်ပြီးတရားခွေဖွင့်ပြီးပြန်အိပ်တယ် ။ အိပ်လဲမရပါဘူး မှေးလိုက်နာလွန်းလို ့ပြန်နိုးလိုက်နဲ့ မိုးလင်းရောပဲ …။

ဒုတိယနေ့ညကျပထမနေ့ထက်ပိုအောင့်လာတယ် ။ တသက်နဲ့တကိုယ်ခနခန ရောဂါဒဏ်ရာတွေနဲ့ နာခဲ့ဘူးပါတယ် အခုဖြစ်တာနဲ့ယှဉ်ရင်အရင်နာခဲ့ဘူးတယ်ဆိုတာမပြောပလောက်ဘူး ။တညလုံးအိပ်မရ နဲနဲလှုပ်တာနဲ့နာအသက်ဆိုဖြေးဖြေးလေး ရှူရတယ် …။

ချက်ခြင်းဆေးခန်းပြဖို့ကလဲ တောထဲရောက်နေတော့အဆင်မပြေတော့တညလုံးမိုးအလင်းပဲငုပ်တုပ်ထိုင်လိုက်လမ်းထလျှောက်လိုက်ပဲ ။နာတာထက်ပိုပြီး ကျိန်းစပ်နေတာဖြင့်အပေါ်ယံအရေပြားလေးတောင်အထိမခံနိုင်ဘူးစပ်ဖျင်းဖျင်းကြီး …။တတိယနေ့ ဆေးခန်းရောက်မှ ရောဂါသိတယ်ခန္တာကိုယ်ထဲအကောင်ဝင်နေတာ ( Hookworm infection) ချိတ်သံကောင် ကူးစက်ခံရတာပေါ့ ။သံကောင်ဆိုလို့ ကျွန်တော်သိတာဗိုက်ထဲရှိတာလောက်သိတာအခုကအရေပြားအလွှာထဲမှာတဲ့ …။

ကျွန်တော်က စောစောရောက်လို့တော်ပါသေးတယ်ဒါမျိုးက ကမ်းစပ် နယ်ဘက်မှာအဖြစ်များတော့ ဆေးမီးတိုနဲ့ကုပြီး တကိုယ်လုံးပွထနေမှရောက်လာကြတာများတယ်တဲ့ ။ ဒါကဒီစာရေးရတဲ့ အကြောင်းအရင်းပါကိုယ်ခံစားရတဲ့နာကျင်မှုမျိုးနဲ့ တခြားလူထပ်မခံစားစေချင်ဘူးအဓိကနယ်ဘက်ကလူတွေ ခရီးသွားတဲ့လူတွေကို သတိထားစေချင်တာ …။

မြေကြီးက အပင်ကနေ ခွေး/ကြောင်တွေကိုင်တွယ်ရာကမစင်ကပါကူးတယ် ။ ပါးစပ်ကမှဝင်တာမဟုတ်ဘူး ခြေ ထောက်ကမွှေးညှင်းပေါက်ကပါဝင်တာတဲ့ ။အထဲရောက်ရင်အပေါ်ယံအရေပြားလွှာထဲကနေလှည့်ပတ်သွားနေ စားသောက်နေတာပွဲစျေးပတ်နေသလိုပဲ။သူသွားသမျှ သူရွှေ့သမျှကိုယ်ကဒုက္ခခံရတာက သေမလိုခံရတာ။တကောင်ထဲလားဆိုမဟုတ်ဥချမယ်မျိုးပွားမယ်လုပ်သေး တာ …။

ဒီရောဂါရဲ့သိသာတဲ့အချက်ကတနေရာထဲမအောင့်မနာဘူး အကောင်ရွှေ့သွားတဲ့နေရာလိုက်နာနေတာ။ကျွန်တော်ဆို ပထမရက်ကဘယ်ဘက်နံကြား နောက်ရက်ကျ ကျောချမ်းရင်အုပ်အုပ်ပိုင်းတဝှိုက်ရောက်နေပြီတတိယရက်ကျ ကျော ကုန်းအလည်ဘက် ။ နောက်တခုကသူသွားလေရာလမ်း ကြောင်းလေးကျန်ခဲ့တယ်။တချို့လူတွေရက်ကြာလာရင်အကောင်ပုံစံလေးထင်းထင်းဖောင်းနေတယ် …။

အဆိုးဆုံးအခြေအနေကအာရုံကြောထဲဝင်မယ်ဦးနှောက်ထိရောက်မယ်မျက်စိထဲပါရောက်မယ်တဲ့။ ခရီးသွားများတဲ့ တောတိုး တောင်တက်နေတဲ့လူတွေ ကမ်းခြေသွားမယ်ဆိုသူတွေဂရုစိုက်ရမှာပဲ ။ မြက်ခင်းလေးစိမ်းနေတာပဲဆိုပြေးမလှဲနဲ့ (me)သောင်ပြင်ပေါ်ပက်လက်အိပ်မယ်ဆိုလဲ စဉ်းစားပါဦး ဘယ်သွားသွားဖိနပ်စီးတာအကောင်းဆုံးပဲခွေး/ ကြောင်တွေနဲ့ပါးယက်နားယက်မနေနဲ့လက်နဲ့ ခြေထောက်စင်အောင်ဆေးပါ ။ ညစ် ပတ်တဲ့အစားအစာတွေမစားပါနဲ့ဆူရှီအသားစိမ်းငါးချဉ်ထုပ်တွေ ဂရုစိုက်ပါ …။

ကျွန်တော့လို ခံစားရလာရင် ဆေးခန်းသာပြေးပါတချို့ကယားနာလိုလိုဘာလိုလိုထင်ပြီးယားနာဆေးပဲလိမ်းကြတယ်တဲ့။ဒါနဲ့ပဲ နောက်ကျမှရောက်လာတော့ သောက်ဆေးနဲ့မနိုင်တဲ့အခြေအနေရောက်ကုန်တာပေါ့ ။

အခုလို စောစောသိခဲ့တာတောင်ဒီလောက်ခံရခက်တာ ။နောက်ကျမှ ကိုယ်ထဲပွားနေမှသိရင်ဘယ်လောက်ခံစားနေရမလဲမသိပါဘူးဗျာ။ကျွန်တော်အခုတော့ ဆေးငါးရက်စာနဲ့သက်သာနေပါပြီ ။ကိုယ်ဖြစ်တာပြန်ပြောပြတဲ့ Sharing သက်သက်ဖြစ်လို့ အမှားရှိရင်ထောက်ပြပါနော်။မေးသမျှဖြေပေးတဲ့ဆရာဝိရေ ကျေးဇူးပါနော် …။ ။

Crd#

Leave a Reply

Your email address will not be published. Required fields are marked *

shares