HARTHANANTAW

Digital World

သင့္ဝင္ေငြလစာကို အဖက္တင္ေအာင္ စုေဆာင္းနည္း (၅) မ်ိဳး

သင့္ဝင္ေငြလစာကို အဖက္တင္ေအာင္ စုေဆာင္းနည္း (၅) မ်ိဳး

ပိုက္ဆံ ဆုိတာက ရွာရတာ ခက္သေလာက္ သုံးရတာက လြယ္ပါတယ္။ ၀င္ေငြနဲ႕ ထြက္ေငြ မကုိက္တဲ့အခါ ဘဏ္စာရင္းမွာ အႏႈတ္ျပေန တာေတြလည္း ရွိလာတတ္တယ္။ တစ္ေန႔လုပ္ တစ္ေန႔စားေတြ၊ လခစား၀န္ထမ္းေတြ အတြက္ ၀င္ေငြနဲ႔ ထြက္ေငြ ကုိက္ၿပီး ပုိက္ဆံ ပုိစုမိေအာင္ စနစ္တက် ပုိက္ဆံစုနည္းေလးကို မွ်ေ၀ေပးလုိက္ပါတယ္ ေနာ္ ….

(1) ကုန္က်စရိတ္ေတြကို စာအုပ္နဲ႕ေရးမွတ္ထားပါ

ပုိက္ဆံ စုေတာ့မယ္လုိ႕ စဥ္းစားလုိက္တာနဲ႕ ပထမဆုံံး အရင္ လုပ္ရမွာကေတာ့ စာရင္းလုပ္တာ ပါပဲ။ ထြက္ေငြစာရင္းကုိ အတိအက် ခ်ေရးေပးပါ။ တစ္ေန႔ကို ဘယ္ေလာက္သုံးမိလဲ ဆုိတာကို ေသးေသးေလးအတြက္ ကုန္တာက အစ စာအုပ္ တစ္အုပ္ထဲမွာ ခ်မွတ္ ထားပါ။ ရက္စဲြနဲ႔ အတူ ဒီေန႔ အသုံးစရိတ္ေတြကို ခ်မွတ္ေပးထားပါ။ ဘယ္လုိအခ်ိန္မွာ ခ်မွတ္သင့္သလဲဆုိရင္ ညဘက္ အိမ္ျပန္ေရာက္တဲ့အခ်ိန္မွာ တစ္ေန႔တာရဲ႕ ကုန္က်စရိတ္ေတြကို ခ်မွတ္တာ ေကာင္းပါတယ္ …။

(2) တစ္ေန႔ကို ဘယ္ေလာက္ပဲသုံးမယ္ဆုိၿပီး ရည္မွန္းထားပါ

ကုိယ္ရဲ႕၀င္ေငြနဲ႔အတူ တစ္လကို ဘယ္ေလာက္ပဲသုံးမယ္ဆုိၿပီး သတ္မွတ္ထားပါ။ တစ္လကို (ဒါမွမဟုတ္) တစ္ေန႔ကို ဒီေလာက္ပဲသုံးမယ္လို႔ သတ္မွတ္ထားရင္ ဒီေလာက္ပဲသုံးေပးပါ။ အဲ့လုိသတ္မွတ္ထားတဲ့ ေငြပမာဏအတုိင္းသုံးႏုိင္မွ အပုိအတြက္ ေငြကို မသုံးေတာ့မွာပါ။ ပုံမွန္ကို ဒီလုိပဲ လုပ္သြားေပးရင္ စုေငြ တုိးလာ မွာျဖစ္ပါတယ္ …။

(3) ပုိက္ဆံစုဖုိ႔အတြက္ အစီအစဥ္ဆဲြပါ

ပုိက္ဆံစုမယ္လုိ႔ ေတြးမိလုိက္တာနဲ႔ ပုိက္ဆံစုဖုိ႔အတြက္ အစီအစဥ္ဆဲြလုိက္ပါ။ ကုိယ့္လစာရဲ႕ ၁၅ရာခုိင္ႏႈန္းကို စုႏုိင္ေအာင္ႀကိဳးစားၾကည့္ပါ။ အသုံးစရိတ္ေတြအရမ္းမ်ားေနရင္ေတာ့ (၁၅)ရာခုိင္ႏႈန္းကိုစုမိမွာ မဟုတ္ပါဘူး။ အဲဒါေၾကာင့္ ကုန္က်စရိတ္စာရင္းကို အရင္လုပ္ထားပါ။ ကုန္က်စရိတ္ေတြကိုသိရမွ ဘာေတြကို အပုိသုံးမိေနလဲဆုိၿပီး သိသြားမွာပါ။ အပုိကုန္ေနတာေတြရွိေနခဲ့ရင္ ေလ်ာ႕သုံးႏုိင္မွာပါ။ ဒါမွလည္း လစာရဲ႕ (၁၅)ရာခုိင္ႏႈန္းကို စုမိလာမွာပဲျဖစ္တယ္ …။

(၄) ဘာအတြက္ ပုိက္ဆံစုခ်င္တာလဲ ဆုိတာကို ခ်ေရးထားပါ

ပိုက္ဆံစုတယ္ဆုိတာ ရည္ရြယ္ခ်က္ပန္းတုိင္တစ္ခုလုိပါပဲ။ အဲဒီပန္းတုိင္ကို ေရာက္ဖုိ႔အတြက္ ပုိက္ဆံစုေနရတာပါ။ ပုိက္ဆံစုရတဲ့ ရည္ရြယ္ခ်က္ကို သိေအာင္ခ်ေရးထားပါ။ ဘာအတြက္ ပုိက္ဆံစုေနတာလဲဆုိတာကို ခ်ေရးထားပါ။ အိမ္၀ယ္ခ်င္လုိ႔ပဲျဖစ္ေစ၊ ခရီးထြက္ခ်င္လုိ႔ပဲျဖစ္ေစ ကုိယ့္ရဲ႕ရည္ရြယ္ခ်က္ေတြကို ခ်ေရးထားပါ။ ဒီရည္ရြယ္ခ်က္ပန္းတုိင္ၾကီး ျဖစ္ေျမာက္လာဖုိ႔အတြက္ အခ်ိန္ဘယ္ေလာက္ထိစုလုိက္ရတယ္ဆုိတာပါ သိလာရမွာပါ။ အဲဒါေၾကာင့္ အိမ္ျပန္ျပင္ဖုိ႔ဆုိရင္ ပုိက္ဆံကို ဘယ္ႏွႏွစ္ထိစုမယ္ဆုိၿပီး ရည္ရြယ္ခ်က္ထားၿပီး စုေပးပါ …။

(၅) လုိအပ္တာကိုပဲ အရင္၀ယ္ပါ

ကုန္က်စရိတ္ေတြ ခ်ေရးထားၿပီးရင္ေတာ့ အပုိသုံးမိေနတာေတြကို ေလ်ာ့ခ်တဲ့အေနနဲ႕ လုိတာကိုပဲ၀ယ္ပါ။ တစ္လစာ ၀ယ္ရမယ့္စာရင္းလုပ္ထားပါ။ အဲ့ထဲမွာမွ ကုိယ့္အတြက္ေရာ၊ အိမ္အတြက္ေရာ အရင္လုိေနတာကို အရင္၀ယ္ပါ။ အပုိမကုန္ရေအာင္ စာရင္းကို ေသခ်ာလုပ္ၿပီးမွ ကုိယ္အတြက္ တကယ္လုိေနတဲ့ပစၥည္းကိုပဲ အရင္၀ယ္သင္႔ပါတယ္ …။ ။

CRD – Hannwe Soe (Shwemom)

Unicode

သင့်ဝင်ငွေလစာကို အဖက်တင်အောင် စုဆောင်းနည်း (၅) မျိုး

ပိုက်ဆံ ဆိုတာက ရှာရတာ ခက်သလောက် သုံးရတာက လွယ်ပါတယ်။ ဝင်ငွေနဲ့ ထွက်ငွေ မကိုက်တဲ့အခါ ဘဏ်စာရင်းမှာ အနှုတ်ပြနေ တာတွေလည်း ရှိလာတတ်တယ်။ တစ်နေ့လုပ် တစ်နေ့စားတွေ၊ လခစားဝန်ထမ်းတွေ အတွက် ဝင်ငွေနဲ့ ထွက်ငွေ ကိုက်ပြီး ပိုက်ဆံ ပိုစုမိအောင် စနစ်တကျ ပိုက်ဆံစုနည်းလေးကို မျှဝေပေးလိုက်ပါတယ် နော် ….

(1) ကုန်ကျစရိတ်တွေကို စာအုပ်နဲ့ရေးမှတ်ထားပါ

ပိုက်ဆံ စုတော့မယ်လို့ စဉ်းစားလိုက်တာနဲ့ ပထမဆုံံး အရင် လုပ်ရမှာကတော့ စာရင်းလုပ်တာ ပါပဲ။ ထွက်ငွေစာရင်းကို အတိအကျ ချရေးပေးပါ။ တစ်နေ့ကို ဘယ်လောက်သုံးမိလဲ ဆိုတာကို သေးသေးလေးအတွက် ကုန်တာက အစ စာအုပ် တစ်အုပ်ထဲမှာ ချမှတ် ထားပါ။ ရက်စွဲနဲ့ အတူ ဒီနေ့ အသုံးစရိတ်တွေကို ချမှတ်ပေးထားပါ။ ဘယ်လိုအချိန်မှာ ချမှတ်သင့်သလဲဆိုရင် ညဘက် အိမ်ပြန်ရောက်တဲ့အချိန်မှာ တစ်နေ့တာရဲ့ ကုန်ကျစရိတ်တွေကို ချမှတ်တာ ကောင်းပါတယ် …။

(2) တစ်နေ့ကို ဘယ်လောက်ပဲသုံးမယ်ဆိုပြီး ရည်မှန်းထားပါ

ကိုယ်ရဲ့ဝင်ငွေနဲ့အတူ တစ်လကို ဘယ်လောက်ပဲသုံးမယ်ဆိုပြီး သတ်မှတ်ထားပါ။ တစ်လကို (ဒါမှမဟုတ်) တစ်နေ့ကို ဒီလောက်ပဲသုံးမယ်လို့ သတ်မှတ်ထားရင် ဒီလောက်ပဲသုံးပေးပါ။ အဲ့လိုသတ်မှတ်ထားတဲ့ ငွေပမာဏအတိုင်းသုံးနိုင်မှ အပိုအတွက် ငွေကို မသုံးတော့မှာပါ။ ပုံမှန်ကို ဒီလိုပဲ လုပ်သွားပေးရင် စုငွေ တိုးလာ မှာဖြစ်ပါတယ် …။

(3) ပိုက်ဆံစုဖို့အတွက် အစီအစဉ်ဆွဲပါ

ပိုက်ဆံစုမယ်လို့ တွေးမိလိုက်တာနဲ့ ပိုက်ဆံစုဖို့အတွက် အစီအစဉ်ဆွဲလိုက်ပါ။ ကိုယ့်လစာရဲ့ ၁၅ရာခိုင်နှုန်းကို စုနိုင်အောင်ကြိုးစားကြည့်ပါ။ အသုံးစရိတ်တွေအရမ်းများနေရင်တော့ (၁၅)ရာခိုင်နှုန်းကိုစုမိမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ကုန်ကျစရိတ်စာရင်းကို အရင်လုပ်ထားပါ။ ကုန်ကျစရိတ်တွေကိုသိရမှ ဘာတွေကို အပိုသုံးမိနေလဲဆိုပြီး သိသွားမှာပါ။ အပိုကုန်နေတာတွေရှိနေခဲ့ရင် လျော့သုံးနိုင်မှာပါ။ ဒါမှလည်း လစာရဲ့ (၁၅)ရာခိုင်နှုန်းကို စုမိလာမှာပဲဖြစ်တယ် …။

(၄) ဘာအတွက် ပိုက်ဆံစုချင်တာလဲ ဆိုတာကို ချရေးထားပါ

ပိုက်ဆံစုတယ်ဆိုတာ ရည်ရွယ်ချက်ပန်းတိုင်တစ်ခုလိုပါပဲ။ အဲဒီပန်းတိုင်ကို ရောက်ဖို့အတွက် ပိုက်ဆံစုနေရတာပါ။ ပိုက်ဆံစုရတဲ့ ရည်ရွယ်ချက်ကို သိအောင်ချရေးထားပါ။ ဘာအတွက် ပိုက်ဆံစုနေတာလဲဆိုတာကို ချရေးထားပါ။ အိမ်ဝယ်ချင်လို့ပဲဖြစ်စေ၊ ခရီးထွက်ချင်လို့ပဲဖြစ်စေ ကိုယ့်ရဲ့ရည်ရွယ်ချက်တွေကို ချရေးထားပါ။ ဒီရည်ရွယ်ချက်ပန်းတိုင်ကြီး ဖြစ်မြောက်လာဖို့အတွက် အချိန်ဘယ်လောက်ထိစုလိုက်ရတယ်ဆိုတာပါ သိလာရမှာပါ။ အဲဒါကြောင့် အိမ်ပြန်ပြင်ဖို့ဆိုရင် ပိုက်ဆံကို ဘယ်နှနှစ်ထိစုမယ်ဆိုပြီး ရည်ရွယ်ချက်ထားပြီး စုပေးပါ …။

(၅) လိုအပ်တာကိုပဲ အရင်ဝယ်ပါ

ကုန်ကျစရိတ်တွေ ချရေးထားပြီးရင်တော့ အပိုသုံးမိနေတာတွေကို လျော့ချတဲ့အနေနဲ့ လိုတာကိုပဲဝယ်ပါ။ တစ်လစာ ဝယ်ရမယ့်စာရင်းလုပ်ထားပါ။ အဲ့ထဲမှာမှ ကိုယ့်အတွက်ရော၊ အိမ်အတွက်ရော အရင်လိုနေတာကို အရင်ဝယ်ပါ။ အပိုမကုန်ရအောင် စာရင်းကို သေချာလုပ်ပြီးမှ ကိုယ်အတွက် တကယ်လိုနေတဲ့ပစ္စည်းကိုပဲ အရင်ဝယ်သင့်ပါတယ် …။ ။

CRD – Hannwe Soe (Shwemom)

Leave a Reply

Your email address will not be published. Required fields are marked *

shares