HARTHANANTAW

Digital World

၂ ႏွစ္အရြယ္ ေျမးမေလးကို ၆ လႊာမွာရွိတဲ့ ျပဴတင္းေပါက္ကေနပစ္ခ်ၿပီး မသိမသာျပန္ၿပီး အိပ္ယာဝင္ေနခဲ့တဲ့အဘြား

၂ ႏွစ္အရြယ္ ေျမးမေလးကို ၆ လႊာမွာရွိတဲ့ ျပဴတင္းေပါက္ကေနပစ္ခ်ၿပီး မသိမသာျပန္ၿပီး အိပ္ယာဝင္ေနခဲ့တဲ့အဘြား

သားအခ်စ္၊ ေျမးအႏွစ္ဆိုၿပီး ေျမးေလးေတြကိုခ်စ္ရွာလြန္းတဲ့ အဘိုးအဘြားေတြရဲ့ခ်စ္ေမတၱာကို အဲ့လိုပုံစံနဲ႔စာဖြဲ႕ၾကေပမဲ့လည္း အိႏၵိယနိုင္ငံမွာရွိတဲ့ အဘြားတစ္ေယာက္ကေတာ့ လူေတြ အႂကြင္းမဲ့ယုံၾကည္ထားၾကတဲ့ အဘိုးအဘြားေတြရဲ့ခ်စ္ေမတၱာဟာလည္း တစ္ခါတစ္ရံမွာ လြဲမွားေနတတ္ေၾကာင္း သက္ေသျပခဲ့ပါတယ္ …။

အဲဒါကေတာ့ အဘြားျဖစ္သူဟာ ဘာမွထပ္ၿပီး စဥ္းစားမေနေတာ့ဘဲ ၆ လႊာမွာရွိတဲ့တိုက္ခန္းကေန သူမရဲ့၂ ႏွစ္သားအရြယ္ ေျမးမေလးကိုပစ္ခ်ၿပီး သတ္ပစ္ခဲ့တာျဖစ္ပါတယ္။ အဆိုပါအျဖစ္အပ်က္ဟာ အိႏၵိယနိုင္ငံ မြန္ဘိုင္းၿမိဳ႕မွာျဖစ္ပြားခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ စက္တင္ဘာလ ၂၉ ရက္ေန႔ မနက္ခင္း 5:30 ႏွင့္ 5:45 အခ်ိန္ၾကားမွာ ျဖစ္ပြားခဲ့တာ ပဲျဖစ္ပါတယ္ …။

၂ ႏွစ္သားအရြယ္ Jiya Ansari အမည္ရွိတဲ့ ကေလးမေလးကိုေတာ့ သူမတို႔ေနထိုင္တဲ့ ေနအိမ္အျပင္ဖက္ ေျမႀကီးေပၚမွာ ေသြးမ်ားစြာျဖင့္ လဲက်ေနခဲ့တာ ေတြ႕ရွိခဲ့ၾကတာပါ။ သူမ၏မိသားစုဝင္မ်ားက အိမ္နီးနားခ်င္းေတြကို ေခၚၿပီးကေလးငယ္ကို ေဆး႐ုံသို႔ အလ်င္အျမန္ ေခၚေဆာင္သြားခဲ့ေပမဲ့လည္း ကံဆိုးစြာနဲ႔ပဲ ကေလးငယ္ဟာ ေဆး႐ုံသို႔ေရာက္ရွိလာစဥ္ကတည္းက အသက္မရွိေတာ့ပါဘူး …။

ရဲအရာရွိမ်ား စုံစမ္းစစ္ေဆးခဲ့ခ်ိန္မွာေတာ့ ကေလးငယ္ျပဳတ္က်နိုင္တယ္ လို ႔ယူဆရတဲ့ အေရွ႕ဖက္တံခါးႏွင့္ မီးဖိုေခ်ာင္ရွိ ပုတင္းေပါက္ႏွစ္ခုလုံးကို ပိတ္ထားလ်က္ႏွင့္ ေတြ႕ရွိခဲ့တဲ့အတြက္ ကေလးငယ္ေသဆုံးမႈဟာ အျပင္လူေတြရဲ့လက္ခ်က္မဟုတ္ဘဲ၊ မိသားစုဝင္ေတြရဲ့လက္ခ်က္ျဖစ္ေၾကာင္း အခိုင္အမာ ေျပာဆိုနိုင္ခဲ့ ၾကပါတယ္ …။

“Jiya ရဲ့ခႏၶာကိုယ္ေပၚမွာ ေတြ႕ရတဲ့လကၡဏာေတြက သူမပစ္ခ်ခံခဲ့ရတာကို ညြန္ျပေနခဲ့တာပါ ” ဆိုၿပီး အမႈကိုစစ္ေဆးေနခဲ့တဲ့ ရဲအရာရွိက ေျပာဆိုခဲ့ပါတယ္။ ဆက္လက္စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ၿပီးခ်ိန္မွာေတာ့ Jiya ရဲ့အဘြားျဖစ္သူဟာ သူမေမြးဖြားလာစဥ္ကတည္းက သူမကို တစ္စက္ေလးေတာင္ ႀကိဳက္ႏွစ္သက္ျခင္းမရွိသည့္အျပင္ အဘြားျဖစ္သူႏွင္အတူ ေနထိုင္ခဲ့တဲ့အတြက္ အျမဲ သူမကို စက္ဆုပ္ရြံရွာၿပီး အထင္ေသးခဲ့ ေၾကာင္းလည္း သိရွိရပါတယ္ …။

ၿပီးခဲ့တဲ့ႏွစ္ရက္က အဘြားျဖစ္သူဟာ သူမ၏သားျဖစ္သူ ႏွင့္ ေခၽြးမတို႔ကို ရန္ျဖစ္ခဲ့ၿပီး အေတာ္ေလးကို ေဒါသထြက္ခဲ့ေၾကာင္း သိရွိရပါတယ္။ သို႔ေပမဲ့လည္း ၿပီးခဲ့တဲ့ေသာၾကာေန႔ညက ကေလးငယ္ဟာ အဖ်ားတက္ၿပီး မရပ္မနားတမ္း ငိုယိုေနခဲ့ကာ တစ္မိသားစုလုံး မနက္ ၃ နာရီအခ်ိန္မွာ ႏွိုးထလာခဲ့ၾကပါေတာ့တယ္။ စိတ္ပ်က္လြန္ၿပီး ေဒါသေတြပုန္ထေနခဲ့တဲ့ အဘြားျဖစ္သူဟာ ၂ ႏွစ္အရြယ္ Jiya ေလးကို အိပ္ယာကေနမ,ခ်ီၿပီး မီးဖိုေခ်ာင္ ျပဴတင္းေပါက္ကေန ပစ္ခ် ပစ္ခဲ့ပါတယ္ …။

ထို႔ေနာက္ျပဴတင္းေပါက္ကို ျပန္ပိတ္ၿပီး အိပ္ယာျပန္ဝင္ခဲ့ပါေတာ့တယ္။ Jiya ရဲ့အဘြားျဖစ္သူဟာ မည္သည့္ျပစ္မႈမ်ိဳး ခ်မွတ္ခံရမယ္မွန္းေတာ့ မသိရေသးေပမဲ့လည္း စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္ ျပဳလုပ္ေနလ်က္ရွိေၾကာင္း လည္း သိရွိရပါတယ္ …။

#Credit

Unicode

၂ နှစ်အရွယ် မြေးမလေးကို ၆ လွှာမှာရှိတဲ့ ပြူတင်းပေါက်ကနေပစ်ချပြီး မသိမသာပြန်ပြီး အိပ်ယာဝင်နေခဲ့တဲ့အဘွား

သားအချစ်၊ မြေးအနှစ်ဆိုပြီး မြေးလေးတွေကိုချစ်ရှာလွန်းတဲ့ အဘိုးအဘွားတွေရဲ့ချစ်မေတ္တာကို အဲ့လိုပုံစံနဲ့စာဖွဲ့ကြပေမဲ့လည်း အိန္ဒိယနိုင်ငံမှာရှိတဲ့ အဘွားတစ်ယောက်ကတော့ လူတွေ အကြွင်းမဲ့ယုံကြည်ထားကြတဲ့ အဘိုးအဘွားတွေရဲ့ချစ်မေတ္တာဟာလည်း တစ်ခါတစ်ရံမှာ လွဲမှားနေတတ်ကြောင်း သက်သေပြခဲ့ပါတယ် …။

အဲဒါကတော့ အဘွားဖြစ်သူဟာ ဘာမှထပ်ပြီး စဉ်းစားမနေတော့ဘဲ ၆ လွှာမှာရှိတဲ့တိုက်ခန်းကနေ သူမရဲ့၂ နှစ်သားအရွယ် မြေးမလေးကိုပစ်ချပြီး သတ်ပစ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့ မနက်ခင်း 5:30 နှင့် 5:45 အချိန်ကြားမှာ ဖြစ်ပွားခဲ့တာ ပဲဖြစ်ပါတယ် …။

၂ နှစ်သားအရွယ် Jiya Ansari အမည်ရှိတဲ့ ကလေးမလေးကိုတော့ သူမတို့နေထိုင်တဲ့ နေအိမ်အပြင်ဖက် မြေကြီးပေါ်မှာ သွေးများစွာဖြင့် လဲကျနေခဲ့တာ တွေ့ရှိခဲ့ကြတာပါ။ သူမ၏မိသားစုဝင်များက အိမ်နီးနားချင်းတွေကို ခေါ်ပြီးကလေးငယ်ကို ဆေးရုံသို့ အလျင်အမြန် ခေါ်ဆောင်သွားခဲ့ပေမဲ့လည်း ကံဆိုးစွာနဲ့ပဲ ကလေးငယ်ဟာ ဆေးရုံသို့ရောက်ရှိလာစဉ်ကတည်းက အသက်မရှိတော့ပါဘူး …။

ရဲအရာရှိများ စုံစမ်းစစ်ဆေးခဲ့ချိန်မှာတော့ ကလေးငယ်ပြုတ်ကျနိုင်တယ် လို ့ယူဆရတဲ့ အရှေ့ဖက်တံခါးနှင့် မီးဖိုချောင်ရှိ ပုတင်းပေါက်နှစ်ခုလုံးကို ပိတ်ထားလျက်နှင့် တွေ့ရှိခဲ့တဲ့အတွက် ကလေးငယ်သေဆုံးမှုဟာ အပြင်လူတွေရဲ့လက်ချက်မဟုတ်ဘဲ၊ မိသားစုဝင်တွေရဲ့လက်ချက်ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုနိုင်ခဲ့ ကြပါတယ် …။

“Jiya ရဲ့ခန္ဓာကိုယ်ပေါ်မှာ တွေ့ရတဲ့လက္ခဏာတွေက သူမပစ်ချခံခဲ့ရတာကို ညွန်ပြနေခဲ့တာပါ ” ဆိုပြီး အမှုကိုစစ်ဆေးနေခဲ့တဲ့ ရဲအရာရှိက ပြောဆိုခဲ့ပါတယ်။ ဆက်လက်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးချိန်မှာတော့ Jiya ရဲ့အဘွားဖြစ်သူဟာ သူမမွေးဖွားလာစဉ်ကတည်းက သူမကို တစ်စက်လေးတောင် ကြိုက်နှစ်သက်ခြင်းမရှိသည့်အပြင် အဘွားဖြစ်သူနှင်အတူ နေထိုင်ခဲ့တဲ့အတွက် အမြဲ သူမကို စက်ဆုပ်ရွံရှာပြီး အထင်သေးခဲ့ ကြောင်းလည်း သိရှိရပါတယ် …။

ပြီးခဲ့တဲ့နှစ်ရက်က အဘွားဖြစ်သူဟာ သူမ၏သားဖြစ်သူ နှင့် ချွေးမတို့ကို ရန်ဖြစ်ခဲ့ပြီး အတော်လေးကို ဒေါသထွက်ခဲ့ကြောင်း သိရှိရပါတယ်။ သို့ပေမဲ့လည်း ပြီးခဲ့တဲ့သောကြာနေ့ညက ကလေးငယ်ဟာ အဖျားတက်ပြီး မရပ်မနားတမ်း ငိုယိုနေခဲ့ကာ တစ်မိသားစုလုံး မနက် ၃ နာရီအချိန်မှာ နှိုးထလာခဲ့ကြပါတော့တယ်။ စိတ်ပျက်လွန်ပြီး ဒေါသတွေပုန်ထနေခဲ့တဲ့ အဘွားဖြစ်သူဟာ ၂ နှစ်အရွယ် Jiya လေးကို အိပ်ယာကနေမ,ချီပြီး မီးဖိုချောင် ပြူတင်းပေါက်ကနေ ပစ်ချ ပစ်ခဲ့ပါတယ် …။

ထို့နောက်ပြူတင်းပေါက်ကို ပြန်ပိတ်ပြီး အိပ်ယာပြန်ဝင်ခဲ့ပါတော့တယ်။ Jiya ရဲ့အဘွားဖြစ်သူဟာ မည်သည့်ပြစ်မှုမျိုး ချမှတ်ခံရမယ်မှန်းတော့ မသိရသေးပေမဲ့လည်း စုံစမ်းစစ်ဆေးမှုများ ဆက်လက် ပြုလုပ်နေလျက်ရှိကြောင်း လည်း သိရှိရပါတယ် …။

#Credit

Leave a Reply

Your email address will not be published. Required fields are marked *

shares