HARTHANANTAW
Digital World
Writer – Min Thu ( XYZ News )
Unicode
သိပ်မကြာခင်မှာ သွေးစစ်ဆေးမှုကနေ ဘယ်အချိန်သေဆုံးနိုင်မလဲဆိုတာ ခန့်မှန်းနိုင်တော့မည်
သွေးစစ်ဆေးမှုအသစ်တစ်ခုကနေ တိကျတဲ့ခန့်မှန်းမှုတွေကို သမာရိုးကျအန္တရာယ်ဖြစ်စေနိုင်မယ့် အကြောင်းအရာတွေဖြစ်တဲ့ BMI တွေ သွေးဖိအားတွေကိုအသုံးပြုပြီးပြုလုပ်ထားမှာပါ .. ။
သင်ဟာနောက်၁ဝနှစ်အတွင်း သေဆုံးမှာလား မသေဆုံးဘူးလားဆိုတာကိုသိရမယ်ဆိုတာ ဘယ်လိုမှကိုခန့်မှန်းနိုင်စရာနည်းလမ်းမရှိပါဘူး။သွေးစစ်ဆေးမှုပုံစံအသစ်ကိုုရှာဖွေတွေ့ရှိခဲ့တဲ့ သိပ္ပံပညာရှင်တွေကိုအရမ်းကျေးဇူးတင်ပါတယ် …. ။ သွေးစစ်တယ်ဆိုတာ သာမာန်လုပ်နေကျလုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်ပြီး နာမကျန်းဖြစ်တာတွေ ဒါမှမဟုတ် အခြေအနေတွေ ဒါမှမဟုတ် ခန္ဒာကိုယ်တွင်းကအင်္ဂါတွေ ပုံမှန်အလုပ်လုပ်ရဲ့လားဆိုတာတွေကို ဆရာဝန်တွေသိရှိအောင် အကူအညီပေး တဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ဒါပေမယ့် ဒီသွေးစစ်မှုအသစ်ကတော့ နောက်၁ဝနှစ်အတွင်းသေဆုံးနိုင်မှုကိုသေသေချာချာခန့်မှန်းနိုင်ပြီး ၈ဝရာခိုင်နှုန်းတိကျမှန်ကန်မှုရှိတယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါသွေးစစ်မှုအသစ်ကို ဂျာမနီမှသိပ္ပံပညာရှင်အဖွဲ့တစ်ခုက အောင်မြင်အောင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။တစ်စုံတစ်ယောက်ဘယ်အချိန်မှာသူတို့သေဆုံးမလဲဆိုတာသိလိုက်ရရင် ထိပ်လန့်တုန်လှုပ်သွားမှာပါ သိပ္ပံပညာရှင်တွေကတော့ တကယ်တော့ဒါဟာ အန္တရာယ်ရှိနေတဲ့သူတွေအတွက် အကူအညီဖြစ်လိမ့်မယ်လို့ပြောပါတယ် အန္တရာယ်လာနေပြီဆိုတာသတိပေးနေသလိုဖြစ်တဲ့အတွက် သူတို့ရဲ့ဘဝပုံစံကိုပိုမိုကောင်းမွန်အောင်ပြောင်းလဲပြီးနေနိုင်ပါတယ်။
ရှာဖွေစမ်းသပ်ချက်အတွက် Max Planck Institute က ဇီဝဗေဒဆိုင်ရာသက်တမ်းတွေကိုလေ့လာတဲ့ သိပ္ပံပညာရှင်တွေက European descent ကအသက်အားဖြင့် ၁၈နှစ်ကနေ ၁၀၉အတွင်း လူနာ၄၄၁၆၈ယောက်ရဲ့သွေးစစ်ေဆေးချက်တွေ့ကို ၁၆နှစ်ကြာ ကျန်းမာရေးအခြအနေေတွေကိုစောင့်ကြည့်လေ့လာခဲ့ပါတယ်။လေ့လာနေစဉ်အတောအတွင်းမှာဘဲ လူနာ၅၅၁၂ယောက်သေဆုံးသွားခဲ့ပါတယ်။လေ့လာမှုအချက်အလက်တွေအရ ၂၂၆ယောက်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကိုတိုင်းတာကြည့်တဲ့အခါ၁၄ယောက်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေက သေဆုံးပြီးလူနာတွေနဲ့ ဆယ်နွယ်နေပါတယ်။သွေးစစ်ဆေးမှုအသစ်တစ်ခုကနေ တိကျတဲ့ခန့်မှန်းမှုတွေကို သမာရိုးကျအန္တရာယ်ဖြစ်စေနိုင်မယ့် အကြောင်းအရာတွေဖြစ်တဲ့ BMI တွေ သွေးဖိအားတွေကိုအသုံးပြုပြီးပြုလုပ်ထားမှာပါ။
ဒီတစ်ကြိမ်မှာတော့ အဖွဲ့သားတွေကသေဆုံးနိုင်တဲ့အခွင့်အလမ်းတွေကိုဘယ်လိုတိတိကျကျခန့်မှန်းနိုင်အောင်လုပ်မလဲလို့ လေ့လာအဖြေရှာခဲ့ကြပါတယ်။ဒီတစ်ကြိမ်မှာတော့ ၁၉၉ရခုနှစ်က ပြင်သစ်လူမျိုးလူနာအယောက် ရ၆ဝဝဝကျော်လောက်ပါဝင်ပါတယ်။လေ့လာနေစဉ်အတောအတွင်း လူနာ၁၂၁၃ယောက်သေဆုံးသွားပြီး ဇီဝမှတ်တမ်းတင်သူ၁၄ယောက်ရဲ့ခန့်မှန်းချက်တွေကတော့ ၅နှစ်က၁ဝနှစ်အတွင်းမှာ ၈၃ရာခိုင်နှုန်းသေဆုံးသွားတယ်လို့လေ့လာတွေ့ရှိခဲ့ပါတယ် သုသေသနပညာရှင်တွေရေးသားချက်ကတော့ “ရလဒ်တွေကိုတင်ပြတာကတော့ ဇီဝကမ္မမှတ်တမ်းတင်သူတွေရဲ့မှတ်တမ်းတွေအရ လူနာတွေကိုစောင့်ရှောက်ရေးလမ်းညွှန်တွေအသုံးပြုတာမယ်ဆိုရင် ကောင်းမွန်တဲ့ဖြစ်နိုင်ချေတွေရှိတယ် လို့ဖြစ်ပါတယ်။
သိပ္ပံပညာရှင်တွေကတော့ သွေးစစ်ဆေးမှုနည်းလမ်းအသစ်တွေက လူနာတွေရဲ့ ဆေးကုသမှုအခြေနေတွေကို ကောင်းမွန်အောင်ကိုင်တွယ်နိုင်ဖို့ အစီအစဉ်ရေးဆွဲတဲ့အခါမှာ အသုံဝင်နိုင်မယ်လို့မျှော်လင့်နေပါတယ်။ ဒီစစ်ဆေးချက်တွေကတော့ သင်ဟာရုပ်ပိုင်းဆိုင်ရာအားဖြင့်ဘယ်လောက်အားနည်းနေတယ်ဆိုတာ တိုင်းတာပေးမှာပဲဖြစ်ပါတယ်။ ပထမဦးစွာတော့ Dr.Joris Deleen ကတော့ အခုသွေးစစ်ဆေးမှုအသစ်က သင်နောက်ဘယ်နှနှစ်ထပ်နေရမလဲဆိုတာကိုအတိအကျခန့်မှန်းနိုင်မှာတော့မဟုတ်ပါဘူး ဒါပေမယ့်ရုပ်ပိုင်းဆိုင်ရာအရ ဘယ်လောက်အားနည်းနေပြီဆိုတာကိုတော့ ပြောနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် သင့်ရဲ့ကျန်းမာရေးနဲ့လူနေမှုအတွက် တစ်ခုခုမဖြစ်မနေလုပ်ရမယ်ဆိုတာသတိပေးနိုင်မှာဖြစ်ပါတယ်။သွေးစစ်ဆေးမှုအသစ်ကတော့အလားအလားကောင်းပါတယ် သိပ္ပံပညာရှင်တွေကတော့ ဒီစစ်ဆေးမှုတွေကိုဆေးရုံတွေမှာ အသုံးပြုဖို့အဆင့်သင့်မဖြစ်သေးပါဘူး သုတေသနတွေထပ်လုပ်ဖို့လိုအပ်နေပါသေးတယ်လိုပြောပါတယ်။စမ်းသပ်မှုတွေကိုလဲ European Descentကလူနာတွေကိုပဲစမ်းသပ်ထားတာဖြစ်ပြီး အခြားလူမျိုးကွဲတွေကိုတော့ မစမ်းသပ်ရသေးပါဘူး။
Writer – Min Thu ( XYZ News )
shares