HARTHANANTAW

Digital World

အိမ္တြင္းမွာ မထားသင့္တဲ့ ကံဆိုးေစ တဲ့ အရာ(၆)မ်ိဳး

အိမ္တြင္းမွာ မထားသင့္တဲ့ ကံဆိုးေစ တဲ့ အရာ(၆)မ်ိဳး

သင့္ အိမ္ မွာ အေၾကာင္းအရာ ေထြေထြထူးထူး မရွိဘဲ ျပႆနာေတြ ျဖစ္တတ္လား..? ႀကိဳးစား႐ုန္းကန္ေနတဲ့ၾကားက အိမ္ ရဲ႕စီးပြားေရးေတြ က်ဆင္းေနလား…? အိမ္ထဲမွာ မေကာင္း တဲ့ ဝိညာဥ္ေတြ ရဲ႕ အေငြ႕အသက္ေတြ ရွိေနတယ္ လို႔ ခံစားေနရလား…? “ေဈးသုံးလည္း မႂကြယ္နဲ႕၊ ေရွးထုံးလည္း မပယ္နဲ႕” ဆိုသလို ေရွးအစဥ္အဆက္ကတည္းက ယေန႕တိုင္ အက်ဳံးဝင္ေနေသးတဲ့ ဓေလ့ထုံးစံေတြ ကို ေမ့ပစ္လို႔ေတာ့ မရပါဘူး …။

အခုေျပာျပမွာကေတာ့ အိမ္ထဲမွာ မထားသင့္တဲ့ ကံဆိုးေစတဲ့ အရာေတြပဲ ျဖစ္ပါတယ္။ ဒီအရာေတြေၾကာင့္ခ်ည္းပဲ ကံဆိုးေနတယ္လို႔ မဆိုလိုပါဘူး။ ဒီအရာေတြေၾကာင့္ ပိုကံဆိုးသြားနိုင္တယ္၊ ကံေကာင္းျခင္းေတြကို ပိတ္ေစနိုင္တယ္လို႔ပဲ ဆိုလိုပါတယ္။ သတိဟူသည္ လိုသည္မရွိဘူး မဟုတ္လား။ သင္ကံဆိုးေနတယ္လို႔ ခံစားေနရတဲ့အခါ ဒီအရာေတြကို အိမ္ထဲမွာ၊ အခန္းထဲမွာ ထားမိလားဆိုတာ ျပန္စစ္ေဆး ၾကည့္သင့္ပါတယ္ …။

(၁) လႈပ္ကုလားထိုင္

ဘယ္သူမွ မရွိတဲ့ အခန္းထဲမွာ လႈပ္ကုလားထိုင္က ဘယ္သူမွလည္း မထိုင္ဘဲ လႈပ္ေနမယ္ဆိုရင္ ဘယ္လိုခံစားရမလဲ စဥ္းစားၾကည့္ပါ။ “ေလတိုက္ေနလို႔ပါ” ဆိုၿပီး ဘယ္လိုပဲ ျဖည့္ေတြးပါေစ၊ စိတ္ထဲေတာ့ စနိုးစေႏွာင့္ ျဖစ္တတ္ၾကတာပဲေလ။ ဒါေၾကာင့္လည္း ခုေနာက္ပိုင္းမွာ လႈပ္ခုံေတြကို မသုံးၾကေတာ့တာေပါ့။ အိုင္းရစ္ရွ္ သမိုင္းေၾကာင္းအရ ဘယ္သူမွမထိုင္တဲ့ လႈပ္ကုလားထိုင္ဟာ မေကာင္းတဲ့ ဝိညာဥ္ေတြ လာထိုင္ဖို႔ ဖိတ္ေခၚေနသလိုပါပဲတဲ့ …။

(၂) ပ်က္စီးေနတဲ့နာရီ၊ ရပ္တန့္ေနတဲ့နာရီ

ပ်က္စီးက်ိဳးပဲ့ေနတဲ့ ပစၥည္းေတြ အိမ္ထဲမွာ မထားေကာင္းဘူးဆိုတာေတာ့ အားလုံး လက္ခံၿပီးသား ျဖစ္မွာပါ။ ဒါ့အျပင္ ပ်က္စီးရပ္တန့္ေနတဲ့ နာရီက မေကာင္းတဲ့နိမိတ္ေတြ ျဖစ္ေစတယ္လို႔လည္း အယူအဆရွိပါတယ္။ အခ်ိန္ကို ၫႊန္ျပတဲ့ အရာေတြဟာ အၿမဲတမ္း အလုပ္လုပ္ေနရပါမယ္။ အဲလိုမဟုတ္ပဲ ရပ္တန့္ေနမယ္ဆိုရင္ အသုံးျပဳတဲ့သူေတြရဲ႕ ဘဝတိုးတက္မႈလည္း ပိတ္ဆို႔ရပ္တန္႕သြားတတ္ပါတယ္ …။

(၃) ကႏၲာရစူးပင္

Cactus ပင္ေလးေတြကို အလွထားတတ္တဲ့သူေတြ အတြက္ေတာ့ သတင္းဆိုးပါပဲ။ ေရွးလူႀကီးေတြရဲ႕ ယုံၾကည္မႈအရ အစူးပါတဲ့ အပင္ေတြဟာ မေကာင္းတဲ့ နိမိတ္ေတြကို ဆြဲေဆာင္တယ္လို႔ ဆိုပါတယ္။ ကႏၲာရ စူးပင္မွမဟုတ္ပါဘူး။ ႏွင္းဆီအပါအဝင္ စူးပါတဲ့ ဘယ္အပင္မဆို အိမ္ထဲမွာ ထားရင္ အိမ္ကိုေရာ၊ သင့္ရဲ႕အခ်စ္ေရး၊ ေပါင္းသင္းဆက္ဆံေရးကိုပါ အေႏွာင့္အယွက္ ျဖစ္ေစတတ္ပါတယ္ …။

(၄) ဖြင့္ထားတဲ့ထီး

ေရွးလူႀကီးေတြ ေျပာတာေတာ့ ရာသီဥတုဒဏ္ကို ကာကြယ္ဖို႔လုပ္ထားတဲ့ ဘယ္ပစၥည္းကိုမဆို အိမ္ထဲ ယူေဆာင္လာျခင္းက အိမ္ကိုေစာင့္ေရွာက္ေနတဲ့ အိမ္ေစာင့္နတ္ကို မရိုေသရာက်တယ္တဲ့။ အိမ္ေစာင့္နတ္ေတြက အိမ္ကို ေစာင့္ေရွာက္တာ မလုံေလာက္ဘူးဆိုတဲ့သေဘာမ်ိဳး သက္ေရာက္လို႔ပါ။ အဲဒီအခါ အိမ္ေစာင့္နတ္က စိတ္တိုၿပီး အိမ္ကိုမေစာင့္ေရွာက္ေတာ့ရင္ အိမ္ထဲကို ကံဆိုးျခင္းေတြ ဝင္လာနိုင္ပါတယ္ …။

(၅) ေျခာက္ေသြ႕ေသဆုံးေနေသာအပင္

အိမ္မွာ ကံေကာင္းျခင္းေတြနဲ႕ လႈပ္ရွားသက္ဝင္ေနေစခ်င္တယ္ဆိုရင္ အိမ္ထဲမွာ ေသဆုံးေနတဲ့အပင္ေတြ၊ ေျခာက္ေသြ႕ေနတဲ့အပင္ေတြကို ဒီတိုင္း ပစ္မထားပါနဲ႕။ ေသေနတဲ့ အရာေတြ အိမ္ထဲထားတာက မေကာင္းတဲ့ စြမ္းအင္ေတြကို စုတ္ယူေနသလိုပါပဲ။ ဒါ့အျပင္ သစ္ကိုင္းေျခာက္၊ သစ္႐ြက္ေျခာက္ေတြ အိမ္ထဲမွာ ျပန႔္က်ဲထားတာက အိမ္ကိုေနခ်င္စရာ မေကာင္းေစပါဘူး …။

(၆) ဒိတ္ေအာက္ေနတဲ့ ျပကၡဒိန္

ရပ္တန့္ေနတဲ့နာရီနဲ႕ အလားတူစြာပဲ ႏွစ္ကုန္ၿပီး ဒိတ္ေအာက္သြားၿပီျဖစ္တဲ့ ျပကၡဒိန္ေတြကို ဆက္လက္ခ်ိတ္ဆြဲ ထားတာကလည္း ကံေကာင္းျခင္းေတြဝင္လာဖို႔ ပိတ္ဆို႔ေစပါတယ္။ အခ်ိန္နဲ႕ ပတ္သက္တဲ့ ဘယ္ပစၥည္းကိုမဆို မွားယြင္းက်ိဳးပ်က္ေနတဲ့အတိုင္း အသုံးျပဳတာက အိမ္လာဘ္တိတ္ၿပီး အသက္ေတာင္ တိုနိုင္တယ္လို႔ေရွးလူႀကီးေတြက ဆိုထားၾကပါတယ္ေနာ္ …။ ။

Photo; Pixabay

Unicode

အိမ်တွင်းမှာ မထားသင့်တဲ့ ကံဆိုးစေ တဲ့ အရာ(၆)မျိုး

သင့် အိမ် မှာ အကြောင်းအရာ ထွေထွေထူးထူး မရှိဘဲ ပြဿနာတွေ ဖြစ်တတ်လား..? ကြိုးစားရုန်းကန်နေတဲ့ကြားက အိမ် ရဲ့စီးပွားရေးတွေ ကျဆင်းနေလား…? အိမ်ထဲမှာ မကောင်း တဲ့ ဝိညာဉ်တွေ ရဲ့ အငွေ့အသက်တွေ ရှိနေတယ် လို့ ခံစားနေရလား…? “ဈေးသုံးလည်း မကြွယ်နဲ့၊ ရှေးထုံးလည်း မပယ်နဲ့” ဆိုသလို ရှေးအစဉ်အဆက်ကတည်းက ယနေ့တိုင် အကျုံးဝင်နေသေးတဲ့ ဓလေ့ထုံးစံတွေ ကို မေ့ပစ်လို့တော့ မရပါဘူး …။

အခုပြောပြမှာကတော့ အိမ်ထဲမှာ မထားသင့်တဲ့ ကံဆိုးစေတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ ဒီအရာတွေကြောင့်ချည်းပဲ ကံဆိုးနေတယ်လို့ မဆိုလိုပါဘူး။ ဒီအရာတွေကြောင့် ပိုကံဆိုးသွားနိုင်တယ်၊ ကံကောင်းခြင်းတွေကို ပိတ်စေနိုင်တယ်လို့ပဲ ဆိုလိုပါတယ်။ သတိဟူသည် လိုသည်မရှိဘူး မဟုတ်လား။ သင်ကံဆိုးနေတယ်လို့ ခံစားနေရတဲ့အခါ ဒီအရာတွေကို အိမ်ထဲမှာ၊ အခန်းထဲမှာ ထားမိလားဆိုတာ ပြန်စစ်ဆေး ကြည့်သင့်ပါတယ် …။

(၁) လှုပ်ကုလားထိုင်

ဘယ်သူမှ မရှိတဲ့ အခန်းထဲမှာ လှုပ်ကုလားထိုင်က ဘယ်သူမှလည်း မထိုင်ဘဲ လှုပ်နေမယ်ဆိုရင် ဘယ်လိုခံစားရမလဲ စဉ်းစားကြည့်ပါ။ “လေတိုက်နေလို့ပါ” ဆိုပြီး ဘယ်လိုပဲ ဖြည့်တွေးပါစေ၊ စိတ်ထဲတော့ စနိုးစနှောင့် ဖြစ်တတ်ကြတာပဲလေ။ ဒါကြောင့်လည်း ခုနောက်ပိုင်းမှာ လှုပ်ခုံတွေကို မသုံးကြတော့တာပေါ့။ အိုင်းရစ်ရှ် သမိုင်းကြောင်းအရ ဘယ်သူမှမထိုင်တဲ့ လှုပ်ကုလားထိုင်ဟာ မကောင်းတဲ့ ဝိညာဉ်တွေ လာထိုင်ဖို့ ဖိတ်ခေါ်နေသလိုပါပဲတဲ့ …။

(၂) ပျက်စီးနေတဲ့နာရီ၊ ရပ်တန့်နေတဲ့နာရီ

ပျက်စီးကျိုးပဲ့နေတဲ့ ပစ္စည်းတွေ အိမ်ထဲမှာ မထားကောင်းဘူးဆိုတာတော့ အားလုံး လက်ခံပြီးသား ဖြစ်မှာပါ။ ဒါ့အပြင် ပျက်စီးရပ်တန့်နေတဲ့ နာရီက မကောင်းတဲ့နိမိတ်တွေ ဖြစ်စေတယ်လို့လည်း အယူအဆရှိပါတယ်။ အချိန်ကို ညွှန်ပြတဲ့ အရာတွေဟာ အမြဲတမ်း အလုပ်လုပ်နေရပါမယ်။ အဲလိုမဟုတ်ပဲ ရပ်တန့်နေမယ်ဆိုရင် အသုံးပြုတဲ့သူတွေရဲ့ ဘဝတိုးတက်မှုလည်း ပိတ်ဆို့ရပ်တန့်သွားတတ်ပါတယ် …။

(၃) ကန္တာရစူးပင်

Cactus ပင်လေးတွေကို အလှထားတတ်တဲ့သူတွေ အတွက်တော့ သတင်းဆိုးပါပဲ။ ရှေးလူကြီးတွေရဲ့ ယုံကြည်မှုအရ အစူးပါတဲ့ အပင်တွေဟာ မကောင်းတဲ့ နိမိတ်တွေကို ဆွဲဆောင်တယ်လို့ ဆိုပါတယ်။ ကန္တာရ စူးပင်မှမဟုတ်ပါဘူး။ နှင်းဆီအပါအဝင် စူးပါတဲ့ ဘယ်အပင်မဆို အိမ်ထဲမှာ ထားရင် အိမ်ကိုရော၊ သင့်ရဲ့အချစ်ရေး၊ ပေါင်းသင်းဆက်ဆံရေးကိုပါ အနှောင့်အယှက် ဖြစ်စေတတ်ပါတယ် …။

(၄) ဖွင့်ထားတဲ့ထီး

ရှေးလူကြီးတွေ ပြောတာတော့ ရာသီဥတုဒဏ်ကို ကာကွယ်ဖို့လုပ်ထားတဲ့ ဘယ်ပစ္စည်းကိုမဆို အိမ်ထဲ ယူဆောင်လာခြင်းက အိမ်ကိုစောင့်ရှောက်နေတဲ့ အိမ်စောင့်နတ်ကို မရိုသေရာကျတယ်တဲ့။ အိမ်စောင့်နတ်တွေက အိမ်ကို စောင့်ရှောက်တာ မလုံလောက်ဘူးဆိုတဲ့သဘောမျိုး သက်ရောက်လို့ပါ။ အဲဒီအခါ အိမ်စောင့်နတ်က စိတ်တိုပြီး အိမ်ကိုမစောင့်ရှောက်တော့ရင် အိမ်ထဲကို ကံဆိုးခြင်းတွေ ဝင်လာနိုင်ပါတယ် …။

(၅) ခြောက်သွေ့သေဆုံးနေသောအပင်

အိမ်မှာ ကံကောင်းခြင်းတွေနဲ့ လှုပ်ရှားသက်ဝင်နေစေချင်တယ်ဆိုရင် အိမ်ထဲမှာ သေဆုံးနေတဲ့အပင်တွေ၊ ခြောက်သွေ့နေတဲ့အပင်တွေကို ဒီတိုင်း ပစ်မထားပါနဲ့။ သေနေတဲ့ အရာတွေ အိမ်ထဲထားတာက မကောင်းတဲ့ စွမ်းအင်တွေကို စုတ်ယူနေသလိုပါပဲ။ ဒါ့အပြင် သစ်ကိုင်းခြောက်၊ သစ်ရွက်ခြောက်တွေ အိမ်ထဲမှာ ပြန့်ကျဲထားတာက အိမ်ကိုနေချင်စရာ မကောင်းစေပါဘူး …။

(၆) ဒိတ်အောက်နေတဲ့ ပြက္ခဒိန်

ရပ်တန့်နေတဲ့နာရီနဲ့ အလားတူစွာပဲ နှစ်ကုန်ပြီး ဒိတ်အောက်သွားပြီဖြစ်တဲ့ ပြက္ခဒိန်တွေကို ဆက်လက်ချိတ်ဆွဲ ထားတာကလည်း ကံကောင်းခြင်းတွေဝင်လာဖို့ ပိတ်ဆို့စေပါတယ်။ အချိန်နဲ့ ပတ်သက်တဲ့ ဘယ်ပစ္စည်းကိုမဆို မှားယွင်းကျိုးပျက်နေတဲ့အတိုင်း အသုံးပြုတာက အိမ်လာဘ်တိတ်ပြီး အသက်တောင် တိုနိုင်တယ်လို့ရှေးလူကြီးတွေက ဆိုထားကြပါတယ်နော် …။ ။

Photo; Pixabay

shares