HARTHANANTAW

Digital World

ေခါင္းတစ္ျခမ္းကိုက္ျခင္းကို ထပ္မျဖစ္ေပၚေစမယ့္ သဘာဝ အစားအစာ (8) မ်ိဳး

ေခါင္းတစ္ျခမ္းကိုက္ျခင္းကို ထပ္မျဖစ္ေပၚေစမယ့္ သဘာဝ အစားအစာ (8) မ်ိဳး

ေခါင္းတစ္ျခမ္းကိုက္ျခင္းက မလိုခ်င္ဘဲ ေရာက္လာတတ္တဲ့ ဧည့္သည္ပါပဲ ။ ေခါင္းတစ္ျခမ္းကိုက္တဲ့ေဝဒနာ တျခားေဝဒနာေတြ ပိုဆိုးပါတယ္ ။ သက္သာဖို႔ဆိုရင္ ေဆးေသာက္တာတို႔ ၊ ေလ့က်င့္ခန္း လုပ္တာတို႔နဲ႔ ကုသလို႔ ရပါတယ္ ။ ဒါေပမယ့္ ေဆးေသာက္ရင္ ခဏပဲ ေပ်ာက္ကင္းၿပီး ေနာက္ထပ္ ျဖစ္လာႏိုင္ပါေသးတယ္ ။ ေခါင္းကိုက္တာကို အစားအစာနဲ႔ ကာကြယ္လို႔ရပါတယ္ေနာ္ …

(1) ေထာပတ္သီး

ေထာပတ္သီးက ေခါင္းတစ္ျခမ္းကိုက္တာကို ကာကြယ္ေပးပါတယ္ ။ ေထာပတ္သီးမွာ အင္တီေအာက္ဆီးဒင့္ ပါဝင္တာေၾကာင့္ ေခါင္းကိုက္တာ လြင့္စင္သြားေစမွာပဲ ျဖစ္ပါတယ္ …။

(2) သဖန္းသီး

သဖန္းသီးက ခႏၶါကိုယ္ က်န္းမာေရးအတြက္ အက်ိဳးျပဳပါတယ္ ။ အထူးသျဖင့္ ေခါင္းကိုက္တဲ့အခါ သဖန္းသီးကို စားသင့္ပါတယ္ ။ သဖန္းသီးမွာ ပိုတက္ဆီယမ္ ပါဝင္တာေၾကာင့္ ေရာင္ရမ္းနာက်င္တာေတြလည္း ေပ်ာက္ေစတယ္လို႔ ကြၽမ္းက်င္သူေတြက ေျပာပါတယ္ …။

(3) ေဆာ္လမြန္ငါး

ေဆာ္လမြန္ငါးမွာ အိုမီဂါ3 ၊ ဗီတာမင္ B2 ပါဝင္တာေၾကာင့္ ေခါင္းကိုက္သူေတြအတြက္ စားသင့္တဲ့ အစားအစာပါပဲ ။ အဲဒါေၾကာင့္ ေဆာ္လမြန္ငါးကို ပုံမွန္စားေပးရင္ ေခါင္းကိုက္တာကို ႏႈတ္ဆက္လို႔ ရပါၿပီ …။

(4) ကန္စြန္းဥ

 

ကန္စြန္းဥက အရသာရွိ႐ုံမက ေခါင္းတစ္ျခမ္းကိုက္တာကိုလည္း ေပ်ာက္ေစပါတယ္ ။ ဗီတာမင္ B1, ပိုတက္ဆီယမ္ေတြက ကန္စြန္းဥထဲမွာ အမ်ားအျပား ပါဝင္တာေၾကာင့္ ေခါင္းကိုက္သက္သာေစၿပီး စိတ္ကိုလည္း တည္ၿငိမ္ေစပါတယ္ …။

(5) ဖရဲသီးႏွင့္ မုန္လာဥဝါ

ဖရဲသီး ၊ မုန္လာဥဝါ ၊ သခြားသီး ၊ တ႐ုတ္နံနံတို႔မွာ ေရဓါတ္ေတြ အမ်ားႀကီးပါ ဝင္ပါတယ္ ။ ေရဓါတ္ခန္းေျခာက္လာရင္ ေခါင္းကိုက္လာတတ္လို႔ ေရေသာက္တာျဖစ္ျဖစ္ ၊ ေရဓါတ္ျပည့္ဝတဲ့အသီးေတြကို စားတာပဲျဖစ္ျဖစ္ ျပဳလုပ္သင့္ပါတယ္ …။

(6) Quinoaႏွင့္ ဆလပ္႐ြက္

Quinoa ဆိုတာ ဆန္အစားထိုး စားလို႔ရတဲ့ စားစရာတစ္ခုပါ ။ Quinoa နဲ႔ ဆလပ္႐ြက္မွာ မဂၢနီဆီယမ္နဲ႔ သံဓါတ္ ပါဝင္တာေၾကာင့္ ေခါင္းတစ္ျခမ္း ကိုက္တာကို ကာကြယ္ၿပီးသားပါ ။ ဆလပ္႐ြက္မွာ အိုမီဂါနဲ႔ အမွ်င္ဓါတ္ ပါဝင္တာေၾကာင့္ ေခါင္းကိုက္တာကို ပူစရာ မလိုေတာ့ပါဘူးေနာ္ …။

(7) ဒိန္ခ်ဥ္

ဒိန္ခ်ဥ္မွာ ဗီတာမင္ B ပါဝင္ပါတယ္ ။ ဒိန္ခ်ဥ္ကို ပုံမွန္စားေပးရင္ ေခါင္းကိုက္တဲ့ အႀကိမ္ေရ တျဖည္းျဖည္း နည္းသြားမွာပဲ ျဖစ္ပါတယ္ …။

(8) သံပ႐ိုသီး

ဗီတာမင္ C ျပည့္ဝတဲ့ သံပ႐ိုသီးက ေခါင္းတစ္ျခမ္း ကိုက္ျခင္းအတြက္ သင့္ေတာ္ပါတယိ ။ သံပ႐ိုသီးအရည္နဲ႔ ဆားကို ေဖ်ာ္ေသာက္ရင္ အခ်ိန္တိုအတြင္း ေခါင္းကိုက္သက္သာသြားမွာပဲ ျဖစ္ပါတယ္ …။

Bonus

သစ္ႀကံပိုးမႈန႔္ကို ေရနဲ႔ေဖ်ာ္ၿပီး ပ်စ္ေအာင္ေမႊပါ ။ ၿပီးရင္ ေခါင္းကိုက္တဲ့ အခါတိုင္း နားထင္နဲ႔ နဖူးမွာ လိမ္းထားပါ ။ ဒီနည္းက လ်င္ျမန္ၿပီး ထိေရာက္ပါတယ္ ။ မိနစ္ 30 ေလာက္ ၾကာရင္ေတာ့ ေရေဆးခ်လိုက္လို႔ ရပါၿပီေနာ္ …။ ။

Zombie ( Love အတိုစေလးမ်ား )

Unicode

ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ထပ်မဖြစ်ပေါ်စေမယ့် သဘာဝ အစားအစာ (8) မျိုး

ခေါင်းတစ်ခြမ်းကိုက်ခြင်းက မလိုချင်ဘဲ ရောက်လာတတ်တဲ့ ဧည့်သည်ပါပဲ ။ ခေါင်းတစ်ခြမ်းကိုက်တဲ့ဝေဒနာ တခြားဝေဒနာတွေ ပိုဆိုးပါတယ် ။ သက်သာဖို့ဆိုရင် ဆေးသောက်တာတို့ ၊ လေ့ကျင့်ခန်း လုပ်တာတို့နဲ့ ကုသလို့ ရပါတယ် ။ ဒါပေမယ့် ဆေးသောက်ရင် ခဏပဲ ပျောက်ကင်းပြီး နောက်ထပ် ဖြစ်လာနိုင်ပါသေးတယ် ။ ခေါင်းကိုက်တာကို အစားအစာနဲ့ ကာကွယ်လို့ရပါတယ်နော် …

(1) ထောပတ်သီး

ထောပတ်သီးက ခေါင်းတစ်ခြမ်းကိုက်တာကို ကာကွယ်ပေးပါတယ် ။ ထောပတ်သီးမှာ အင်တီအောက်ဆီးဒင့် ပါဝင်တာကြောင့် ခေါင်းကိုက်တာ လွင့်စင်သွားစေမှာပဲ ဖြစ်ပါတယ် …။

(2) သဖန်းသီး

သဖန်းသီးက ခန္ဓါကိုယ် ကျန်းမာရေးအတွက် အကျိုးပြုပါတယ် ။ အထူးသဖြင့် ခေါင်းကိုက်တဲ့အခါ သဖန်းသီးကို စားသင့်ပါတယ် ။ သဖန်းသီးမှာ ပိုတက်ဆီယမ် ပါဝင်တာကြောင့် ရောင်ရမ်းနာကျင်တာတွေလည်း ပျောက်စေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ် …။

(3) ဆော်လမွန်ငါး

ဆော်လမွန်ငါးမှာ အိုမီဂါ3 ၊ ဗီတာမင် B2 ပါဝင်တာကြောင့် ခေါင်းကိုက်သူတွေအတွက် စားသင့်တဲ့ အစားအစာပါပဲ ။ အဲဒါကြောင့် ဆော်လမွန်ငါးကို ပုံမှန်စားပေးရင် ခေါင်းကိုက်တာကို နှုတ်ဆက်လို့ ရပါပြီ …။

(4) ကန်စွန်းဥ

ကန်စွန်းဥက အရသာရှိရုံမက ခေါင်းတစ်ခြမ်းကိုက်တာကိုလည်း ပျောက်စေပါတယ် ။ ဗီတာမင် B1, ပိုတက်ဆီယမ်တွေက ကန်စွန်းဥထဲမှာ အများအပြား ပါဝင်တာကြောင့် ခေါင်းကိုက်သက်သာစေပြီး စိတ်ကိုလည်း တည်ငြိမ်စေပါတယ် …။

(5) ဖရဲသီးနှင့် မုန်လာဥဝါ

ဖရဲသီး ၊ မုန်လာဥဝါ ၊ သခွားသီး ၊ တရုတ်နံနံတို့မှာ ရေဓါတ်တွေ အများကြီးပါ ဝင်ပါတယ် ။ ရေဓါတ်ခန်းခြောက်လာရင် ခေါင်းကိုက်လာတတ်လို့ ရေသောက်တာဖြစ်ဖြစ် ၊ ရေဓါတ်ပြည့်ဝတဲ့အသီးတွေကို စားတာပဲဖြစ်ဖြစ် ပြုလုပ်သင့်ပါတယ် …။

(6) Quinoaနှင့် ဆလပ်ရွက်

Quinoa ဆိုတာ ဆန်အစားထိုး စားလို့ရတဲ့ စားစရာတစ်ခုပါ ။ Quinoa နဲ့ ဆလပ်ရွက်မှာ မဂ္ဂနီဆီယမ်နဲ့ သံဓါတ် ပါဝင်တာကြောင့် ခေါင်းတစ်ခြမ်း ကိုက်တာကို ကာကွယ်ပြီးသားပါ ။ ဆလပ်ရွက်မှာ အိုမီဂါနဲ့ အမျှင်ဓါတ် ပါဝင်တာကြောင့် ခေါင်းကိုက်တာကို ပူစရာ မလိုတော့ပါဘူးနော် …။

(7) ဒိန်ချဉ်

ဒိန်ချဉ်မှာ ဗီတာမင် B ပါဝင်ပါတယ် ။ ဒိန်ချဉ်ကို ပုံမှန်စားပေးရင် ခေါင်းကိုက်တဲ့ အကြိမ်ရေ တဖြည်းဖြည်း နည်းသွားမှာပဲ ဖြစ်ပါတယ် …။

(8) သံပရိုသီး

ဗီတာမင် C ပြည့်ဝတဲ့ သံပရိုသီးက ခေါင်းတစ်ခြမ်း ကိုက်ခြင်းအတွက် သင့်တော်ပါတယိ ။ သံပရိုသီးအရည်နဲ့ ဆားကို ဖျော်သောက်ရင် အချိန်တိုအတွင်း ခေါင်းကိုက်သက်သာသွားမှာပဲ ဖြစ်ပါတယ် …။

Bonus

သစ်ကြံပိုးမှုန့်ကို ရေနဲ့ဖျော်ပြီး ပျစ်အောင်မွှေပါ ။ ပြီးရင် ခေါင်းကိုက်တဲ့ အခါတိုင်း နားထင်နဲ့ နဖူးမှာ လိမ်းထားပါ ။ ဒီနည်းက လျင်မြန်ပြီး ထိရောက်ပါတယ် ။ မိနစ် 30 လောက် ကြာရင်တော့ ရေဆေးချလိုက်လို့ ရပါပြီနော် …။ ။

Zombie ( Love အတိုစလေးများ )

shares